Unicode Version
" ဒီကလေးကိုမမွေးနိုင်ဘူး ဝမ်ရိပေါ် ငါဖြတ်ချမှာ"
တိတ်ဆိတ်နေတဲ့အခန်းအတွင်း အော်သံလိုအသံ စူးစူးတစ်ခုက ထွက်ပေါ်လာသည်။
"ဘာ!! ခင်များဘာစောက်စကားပြောတာလဲဟမ်"
"ကြားတဲ့အတိုင်းဘဲ မင်းလိုအယုတ်မာကောင်ရဲ့ သွေးသားကိုငါမမွေးနိုင်ဘူး"
"အေး အဲ့ဒီလူယုတ်မာကောင်က ခင်များရဲ့လင်လေ
ခင်များလင်ရဲ့သွေးသားမို့ ခင်များမမွေးချင်လဲ မွေးရမယ်""မမွေးဘူး ငါလုံးဝမမွေးနိုင်ဘူး"
"ရှောင်းကျန့်!!! ခင်များကျွန်တော့ဒေါသကိုလာမဆွနဲ့နော်"
ရှောင်းကျန့်နဲနဲတော့ငြိမ်သွားသည် သူ့ရှေ့ကဒေါသအချောင်း
လိုက်ထွက်ကာ စူးရဲနေတဲ့မျက်လုံးတွေနဲ့အံကြိတ်ကာ
ပြောနေသည့် ရိပေါ်ကိုသူကြောက်ပါသည်။
သို့ပေမဲ့လည်း ရိပေါ်ရဲ့ဒေါသကိုအရှုံးမပေးချင်တာမို့
လက်သီးခပ်တင်းတင်းဆုပ်လိုက်ပြီး..."လာမပြောနဲ့ ငါကတော့မမွေးနိုင်ဘူး ဖြတ်ချမှာဘဲ"
"ခင်များ။ တောက်စ်! "
ရိပေါ်ရဲ့တောက်ခေါက်သံအကျယ်ကြီးကြောင့်
ရှောင်းကျန့်ကိုယ်လေးတုန်တက်သွားသည်။
ထို့နောက် ရိပေါ်ကသူကိုစူးရဲနေတဲ့မျက်လုံးတွေနဲ့
စိုက်ကြည့်ရင်း..."အေး ဖြတ်ချရဲရင်ဖြတ်ချကြည့်လေ
တစ်ယောက်ဖြတ်ချရင် နောက်ဆယ်ယောက်မွေးဖို့
ပြင်ထားလိုက်"အံကြိတ်သံနဲ့ပြောစကားအဆုံးရိပေါ်က
တံခါးကို ဒုန်းကနဲစောင့်ပိတ်ကာအခန်းထဲက
ထွက်သွားတော့သည်။ရိပေါ်ထွက်သွားတာနဲ့
ရှောင်းကျန့် ကြမ်းပြင်ပေါ်ခွေကျသွားပြီး မျက်ရည်တွေ
စီးကျလာသည်။ရှောင်းကျန့်တကယ်တော့ ကလေးဖြတ်ချဖို့ အစီအစဉ်မရှိပါ
ဒါပေမဲ့ ဖြတ်ချမယ်လို့သူပြောလိုက်သည်။အလိုပြောလိုက်
ရင် ရိပေါ်ကသူ့ကလေးကို မဖြတ်ချဖို့နူးညံ့စွာ ဖြောင်းဖြ
လိမ့်မည်ဟုထင်သည်။ကလေးအတွက်သူ့ဒေါသတွေကို
ချိုးနှိမ်ကာ သူ့ကိုပိုဂရုစိုက်လာလိမ့်ဟုထင်
တာကြောင့် သူပြောလိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့ တက်တက်စင်အောင်လွဲလေသည်။