Unicode
ညမှောင်မှောင် လ ရောင်သာတဲ့ လမ်းမများပေါ်မှာ ရောင်စုံမီးရောင်များ နဲ့ လှပလှသော မြို့တော် ကြီး တခု ၊ ရောင်စုံ ကား တန်း များ ဖြင့် စည်ကား အသက်၀င်နေ သော လူများစွာဖြင့် မြို့၏အလှ ကို တန်ဆာဆင် ထားသကဲ့သို့ လှပ လှပါသည်။
ထိုအချိန်တွင် မြို့တော်ကြီး၏ မျက်နှာဖုံး ဖြစ်သော တော်၀င်မျိုးနွယ် တို့၏ အိမ်တော်ကြီးတွင် မီးရောင်စုံ များဖြင့် လှပနေပီး တန်ဖိုးကြီး အ၀တ် လက်၀တ်ရတနာ မျိုးစုံတို့ကို ၀တ်ဆင်ထားသော ဂုဏ်သရေ ရှိ မိန်းမပျို အမျိုးသမီးများ ၊ စီးပွားရေးပါတနာ များ ဖြင့် ကျယ်၀န်းသော ခန်းမ ကြီး ထဲ၌စည်ကား အသက်၀င်လျက်ရှိနေပါသည်။
"သခင်မကြီး ...အဆင်သင့်ဖြစ်ပါပီ"
"အင်း.."
အရောင်တောက်တောက် မဟော်ဂနီ ရောင် ဂါ၀န်ရှည် နဲ့ ပတ္တမြား တဆင်စာ ၀တ်ဆင်ထားသသော အမျိုးသမီးကြီးသည် ကျက်သရေ နှင့်ပြည့်စုံစွာ လျှောက်လှမ်းလာသည်။ ထို အမျိုးသမီး သည် မြန်မာနိုင်ငံ ရဲ့ ရှေးဟောင်းတော်၀င် မျိုးဆက် ထဲက တဦးဖြစ်သည်။ သူမ သည် ငယ်ရွယ်စဉ်က အလွန်ကိုထူးချွန် ထက်မြက်သော မိန်းမငယ်လေး တယောက်ဖြစ်သည်။ သူမငယ်ရွယ်စဉ်က England နိုင်ငံရဲ့ တော်၀င် မျိုးနွယ်များသာ တက်ရောက်သော University ၌တက်ရောက်ခွင့်ရခဲ့သည်။ မိခင် ပြည်သို့ ပြန်လာသောအခါ သူမ မိသားစုကြီး၏ အမွေအနှစ်ကိုထိန်းသိမ်း ဖို့ နိုင်ငံ အနှံ့ အပြား စီးပွားရေး လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ခဲ့သည်။
တနေ့ သူမ လုပ်ငန်း များ ကိုလက်ဝါးကြီးအုပ် ထိန်းချုပ်ချင်သော လူတယောက်ရှိခဲ့ လေသည်။ ထိုသူသည် သူမ နှင့် တွေ့ချင်၍ သူမ တည်ထောင်ထားသော လုပ်ငန်းများကို ယိုင်နဲ့ အောင်လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထိုလူ၏ရည်ရွယ်ချက်ကို သူမ မသိသော်လည်း လူကိုယ်တိုင်တွေ့ပီး ဆွေးနွေးခြင်းက သင့်တော်မည်ဖြစ်၍ ထိူလူကို သူမ သွားတွေ့ခဲ့သည်။
[--]*ဒါကဂျပန်လိုပြောတာပါ
[လူကြီးမင်း...မဒမ်ရောက်ပါပီ]
YOU ARE READING
He is Trying To Catch Me
General Fictionခင်များကို မုန်းတယ် ကျွန်တော် ဘ၀ကို ရိုက်ချိုး ပစ်လိုက်တာ ကျွန်တော့်ဘ၀ တသက်လုံး မုန်းနေမှာ ( မင်းနှိုင်းခ ) မုန်းချင်သလောက်သာမုန်း ကိုယ်က မင်းလေးကို ပိုချစ်ပေး မှာပေါ့ကွာ (Ryan)