Unicode
ကလပ်မှာပျော်ပါး ကခုန်နေကြတဲ့လူတစုကြား ရုတ်တရက်ရင်းနှီးသော မျက်နှာကို
တွေ့တော့ Philip ထိုသူနောက်ကို တိတ်တဆိတ်လိုက်သွားရာ ကောင်မလေးတယောက် ထိုသူကိုဖက်ပီး ကလပ်အပြင်ဘက်သို့ ဦးတည်နေသည်ကိုတွေ့ရသည်။
' ဒီကောင်ကြည့်ရတာ တော်တော်မူးနေပုံပဲ ဘေးက ကောင်မလေးကတောင် မနဲထိန်းထားရတယ် ' Philip ကလပ် အပြင်ရောက်တော့ ရုတ်တရက် လူတစုကြီးက ခုနက ကောင်မလေး ကိုဝိုင်းထားကြသည်ကိုတွေ့လိုက်သည်။ ' ဘာဖြစ်တာလဲဟ ဒီကောင်မလေးက ဘာအရှုပ်တေလုပ်ထားလဲမသိဘူး ဘယ်ကလူတေများလဲ ' အတွေးများနေရင်း ရုတ်တရက် လူစုကြီးထဲမှ လူတယောက်ရှေ့ထွက်လာပီး ထိုသူကိုကောင်မလေးထံမှ သယ်ယူသွားခဲ့သည်။
အမှောင်ရိပ်ကို ခို၍ ချောင်းကြည့်နေသောPhilip မျက်လုံးပြူးသွားပီး ' ဒါ ..ဒါ...
ပြန်ပေးဆွဲတာလား ... ဒီရောက်တာဘယ်လောက်မှတောင်မကြာသေးဘူး ဘယ်လိုဖြစ်လို့ရန်သူတေများနေတာလဲဟ'
Philipပြောသော သူမှာအခြားမဟုတ် သူ့အဖေတူ အမေကွဲ ညီ Levi ပင်။အစက Levi မူးနေချိန်ကိုအခွင့်ကောင်းယူပီး
သူ့သူငယ်ချင်းတေကိုခေါ်ပီး ရိုက်ဖို့ပြင်ထားသည် Levi မူးနေချိန် မှသာ သူ့ကိုရိုက်နှက်ပီးသတ်နိုင်သည် မဟုတ်ပါက Philipတယောက် Leviကိုဘယ်လိုမှ မနိုင် နိုင်ပါ Levi သည်မူးနေချိန်တွင်ဘာကိုမှမမှတ်မိတော့သလို ဘာကိုမှလည်းမခုခံနိုင်တော့ပေ။
ဒီအခွင့်ရေးကို ရကာမှ လူတစု၏နှောင့်ယှက်မှုကြောင့် Philip သူ့အစီအစဉ်ကို ရပ်လိုက်ရသည်။' နေပါဦး....ဒီလူတေကဘယ်သူတေလဲ ဘာကြောင့် Levi ကိုဖမ်းခေါ်သွားတာလဲ ' စိတ်ထဲမှာ အတွေးများနေစဉ် ဇိမ်ခံကားအမဲရောင်ထဲသို့ Levi ကို ထည့်လိုက်သည် Philip ထိုကားနံပါတ်ကိုအမိအရ ဓာတ်ပုံရိုက်ထားလိုက်သည်။
' ဒီကားပိုင်ရှင်ကိုငါ ရအောင်စုံစမ်းမှဖြစ်မယ်!
အကယ်၍ ရန်သူဆိုရင်တော့ Levi ရော အဲ့ကောင်ရော သေဖို့ပြင်ထားကြတော့ ၊ မိတ်ဆွေဆိုရင်တော့ Levi ကို ဖိနှိပ်ဖို့ လက်တစုံရတာပေါ့ကွာ ' ကားနံပါတ်ကိုကြည့်ပီးပြုံးလိုက်သည်။-----
ဇိမ်ခံကားအမဲလေးက မြို့တော်ရဲ့ အထင်ကရ ကြယ်ငါးပွင့် ဟိုတယ် မှာရပ်လိုက်တယ် အထဲကလူကို လူယုံတယောက်က သယ်လာပီး ဟိုတယ်ရဲ့အမြင့်ဆုံးထပ်ကိုနှိပ်လိုက်တယ် အခန်းတခုရှေ့ရောက်တော့
မူးနေသော Levi ကို ကုတင်ပေါ်တွင် ထားပီး စောင်သေချာခြုံပေးထားလိုက်သည် ပီးနောက်တံခါးပိတ်လိုက်သောအသံသာရှိနေခဲ့တယ်
YOU ARE READING
He is Trying To Catch Me
Ficción Generalခင်များကို မုန်းတယ် ကျွန်တော် ဘ၀ကို ရိုက်ချိုး ပစ်လိုက်တာ ကျွန်တော့်ဘ၀ တသက်လုံး မုန်းနေမှာ ( မင်းနှိုင်းခ ) မုန်းချင်သလောက်သာမုန်း ကိုယ်က မင်းလေးကို ပိုချစ်ပေး မှာပေါ့ကွာ (Ryan)