Unicode
ပြပွဲတုန်းက Steven သူ့ကိုပြောခဲ့သောစကား
ကြောင့် Levi သူ့စိတ်ထဲတွင် သံသယများဖြစ်လာသည်။တခဏချင်းပင်ထိုသံသယကိုပယ်ထုတ်လိုက်သည်။သူက Ryan လိုလူမျိုးမဟုတ်ဘူး ငယ်ထဲက သာမာန်ပဲ၊ ဒါပေမဲ့ .. ထို 'ည' အကြောင်းစဉ်းစားမိတိုင်း သူ့ကိုအကြောင်းမဲ့ဒေါသ ထွက်စေတယ်။တရားခံ
ကိုလည်းခုထိ မသိသေး တာကသူ့ကိုခံပြင်း
စေတယ်။သူ့ဘ၀မှာ တခါမှ မရှိခဲ့ဘူး ဒီလို ရှက်စရာကောင်းတာမျိုး အဲ့လူကို ငါ့ရှေ့မှာရှာတွေ့လို့ကတော့ အသက်ရှင်ခွင့်မရစေရဘူး။ဒီဇိုင်းပြပွဲပီး၍ သုံးရက်အကြာတွင် ပင်မအိမ်တော်က Levi ကို မိသားစုညစာ စားရန် ဖိတ် ခေါ်ခဲ့တယ်။
အိမ်တော်ကြီးမှာ ကျယ်၀န်းလှ၍ အစေခံများကိုလည်း များများ ခန့်ထားသည်။Levi အိမ်တော်ကိုရောက်တော့ အစေခံ တစုက ဧည့်သည်ဆောင်သို့ ခေါ်သွားလိုက်တယ်။
အခန်းထဲရောက်တော့ အိမ်တော်ရဲ့ခေါင်းဆောင်က ထိပ်မှာထိုင်နေပီး Levi အခန်းထဲရောက်တော့ ခေါင်းတချက်ညိမ့်ပြလိုက်တယ်။ပတ်ပတ်လည်တွင်တော့သူ့ညီအကို များက ထိုင်နေပီး Levi ကိုကြည့်နေခဲ့တယ်။သူကလည်းဂရုမစိုက်ပါဘူး အခုသူလာတာက အိမ်တော်သခင်ကြီး ခေါ်နေလို့ တနည်း သူ့အဖေပေါ့ ၊သူကတော့ အဖေလို့ တခါမှ မခေါ်ခဲ့ဘူး မာမီ ဆုံးသွားထဲကပဲ။ဒီမှာရှိတဲ့ သူ့ အစ်ကို တေကလည်း တယောက်နဲ့တယောက်ရန်စောင်နေကြတာ၊ သူတို့က Mahiro မျိုးရိုးစဉ်ဆက်အမွေတေကိုမက်နေကြတာ၊အဲ့ထက် ကိုမက်မောတာက ဒီအိမ်တော်ရဲ့ ခေါင်းဆောင်နေရာ တနည်း Mahiro မျိုးဆက်ရဲ့အုပ်ချုပ်သူ နေရာကို ပိုလိုချင်ကြတာ၊အဲ့နေရာ ကိုရတဲ့သူက နိုင်ငံရဲ့ တ၀က်လောက်ကိုအာဏာချုပ်ကိုင်နိုင်တယ်၊ပီး တော့ တရားဥပဒေ တေ တရားမျှတမှုတေကို ဂရုစိုက်စရာမလိုဘူး၊ လူဘယ်နှယောက်ပဲဖြစ်ဖြစ်အေးဆေးလက်စဖျောက်ပစ်နိုင်တယ်၊ mahiroမျိုးဆက်အများစုကတရားမ၀င်တဲ့လုပ်ငန်း တွေကိုအများစုလုပ်ကိုင်ကြတယ်။
အဲ့တော့ ဒီအိမ်တော်ခေါင်းဆောင်နေရာကို
သူ့ညီအကိုတေလိုချင်တာမဆန်းဘူး။" ငါအခု မင်းတို့အားလုံးကိုခေါ်လိုက်တာက
မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ကုမ္ပဏီ အကြောင်းကိုပြောချင်လို့ မကြာသေးခင်က ကုမ္ပဏီရဲ့ ရှယ်ယာတေက ထိုးကျနေတာကိုတွေ့ရတယ် ခုထိလည်းဆက်တိုက်ကျဆင်းနေတုန်းပဲ အဲ့ကိစ္စကိုတာ၀န်ယူထားတာဘယ်သူလဲ ငါ့ကိုရှင်းပြစမ်း!!"
တည်ကြည်လေးနက်သောအသံနက်နက်ဖြင့်
အိမ်တော်ခေါင်းဆောင် ပြောလာသောအသံ
ကြောင့် တယောက်မှအသက်မရှုဝံ့၊တိတ်ဆိတ်နေကြသည်။
YOU ARE READING
He is Trying To Catch Me
General Fictionခင်များကို မုန်းတယ် ကျွန်တော် ဘ၀ကို ရိုက်ချိုး ပစ်လိုက်တာ ကျွန်တော့်ဘ၀ တသက်လုံး မုန်းနေမှာ ( မင်းနှိုင်းခ ) မုန်းချင်သလောက်သာမုန်း ကိုယ်က မင်းလေးကို ပိုချစ်ပေး မှာပေါ့ကွာ (Ryan)