Episode - 5(U & Z)

704 39 1
                                    

Unicode

လမ်းမများထက်၌ ကားများသွားလာနေသော ၊ လှုပ်ရှားသက်၀င်၍ စည်ကားသောလူအများ မြို့ပြကြီးမှ အ‌ရောင်အ‌သွေးစုံ ဖြတ်လတ်တက်ကြွသော လူငယ်များ၊ မြူးကြွသံစဉ် များ က စိတ်အစုံကို လွတ်လပ်ပေါ့ပါး မှု တို့ကို ဖြစ်‌စေသယောင် ၊ မီးရောင်စုံ တလက်လက် အက ကြမ်းပြင်ပေါ်တွင် လူငယ် စုံတွဲ များက DJ သံစဉ်အလိုက် ခုန်ပေါက် မြူးတူး ကခုန် နေကြသည်...

VVIP များသာ ၀င်ခွင့်ရသော အဆင့်မြင့် ခန်းမထဲတွင်....မျိုးရိုးမြင့် သခင်လေး ၊ သခင်မလေး များက ကခုန်လှုပ်ရှား နေကြသည်.. ခန်းမ ကြီး၏ လူရှင်းသော နံရံထောင့်တနေရာတွင်...ယောက်ျားပျို နှင့် မိန်းမပျို တို့ ပွပ်သပ်နမ်းရှိုက် နေကြသည်...မိန်းမပျို ၏သေးသွယ်သော ခါးကျဉ်ကျဉ်လေးကို ကြီးမားသော လက်ဖြင့် ရစ်ပတ်ထားပီး အနမ်းကို နက်ရှိုင်းစွာနမ်းပီး ထို မိန်းမပျို၏ တကိုယ်လုံးကို သိမ်းကျုံးရစ်ထွေထားသည်...

ထိုအနမ်းကြောင့် အသက်ရှုရခက်သဖြင့် ယောက်ျားပျိုကို တွန်းထုတ်လိုက်သည်....

" ကိုယ်က ကွာ သိပ်ဆိုးတာပဲ..."မိန်းမပျိုက ညူတုတုလေးနဲ့ ပြောသည်...

အရပ်ရှည်ရှည် လက်မောင်းကြွက်သား များနဲ့ မိမိုက်သော ခန္ဓာကိုယ် အချိုးအစားတို့က ပျိုမေ တို့ရဲ့ နှလုံးသားကို ချွေယူ နိုင်သော ထို ယောကျ်ားပျိုက.....

"ဘေဘီ ...က မလိုချင်ဘူးလား.."

မိန်းမပျိုက မျက်လုံးချင်းအကြည့်ချင်းဆုံပီး အဖြေပေးလိုက်သည်...

---

"Bro....မင်း ကလည်းမြန်လိုက်တာကွာ.."
Austin ကတံခါးနားမှ လျှောက်လာသောသူ့သူငယ်ချင်းကို ပြောလိုက်သည်..သူတို့နားရောက်တော့ အရက်ခွက်ကိုကောက်ကိုင်ပီး တချက်ထဲဖြင့် သောက်ချလိုက်သည်...
ဖြူဖွေးကြည်လင်သော အသားအရည် ၊ နှုတ်ခမ်းနီနီ လေး ၊ မျက်လုံး မှာ ပင်လယ်ပြာရောင် ၊မေးချွန်ချွန် နှင့် ယောက်ျား လေးတယောက် ထက်ကို ပို၍ ချောမော ခန့်ညားနေသော ဥပတိရုပ် တို့နှင့်ပြည့်စုံသော သူ့သူငယ်ချင်းကို ကြည့်၍.....

"မင်း...ခုနက ကောင်မလေး နဲ့ ဘယ်လိုဖြစ်သွားတာလဲ ပြတ်သွားတာလား...."

He is Trying To Catch MeWhere stories live. Discover now