Episode - 8(U & Z)

530 26 0
                                    

Unicode

Levi ခရီးပန်း လာလို့ အပေါ် ထပ်က သူ့ အိပ်ခန်းဆီ တက်သွားလိုက်သည်။အခန်းထဲရောက်သော် ကုတင်ပေါ်သို့ လှဲချလိုက်ပီး ညနေက ပြောသော စကားဝိုင်းသည် သူ့ အတွက် အတော်လေးကို အနှောင့်အယှက်ဖြစ်စေသည်..ဒီ မိသားစု စုဝေး မှုသည် တယောက်နဲ့ တ‌ယောက်ယှဉ်ပြိုင် ရမယ့် ပြိုင်ပွဲလိုပင် ...အဆုံးမရှိ ရင်ဆိုင်နေရမည်... Leviသည် မိသားစုပိုင် အမွေပစ္စည်းကို မမက်မောပေ သူ့ ခွန်သူ့အားနဲ့ကြိုးစားမှုမှရလာမည့် အောင်မြင်မှုကိုသာလိုချင်သူဖြစ်သည်... ထိုကြောင့်လည်း Levi သည် သူကိုယ်တိုင် ထူထောင်သောလုပ်ငန်းကို စ၍ လုပ်ကိုင်ဖြစ်သည်... Levi က တသီးတသန့် နေတတ်သောသူ ဖြစ်သည်.....သူ့ကို ရန်မစ သ၍ သူကလည်း အေးဆေးနေမည်သာ။

မျက်လုံးများကိုမှိတ်၍ အနားယူနေခိုက် စားပွဲပေါ်မှ ဖုန်းမြည်လာသည်....ခုတင်ပေါ်မှ ထ၍ ဖုန်းကို ယူကြည့်လိုက်သည်....ဖုန်းထဲတွင် ထူးဆန်းသောစာများပို့ထားသည်ကို တွေ့လိုက်သည်... Levi သည်ထိုစာများကိုဖတ်၍ span ဖုန်း ဖြစ်နေမည်ဟု ထင်၍ တခါထဲ ဘလော့လိုက်သည်....

ခုတလော span ဖုန်းတေ များလာတယ်....ပို့ထားတာတေကလည်း ဘယ်ကအရှုးကများ ပို့ ထားလဲမသိဘူး...

ဖုန်းကို စားပွဲပေါ်ပြန်တင်၍ ရေချိုးခန်းထဲသို့၀င်သွားလိုက်သည်။
-----

အခြားတဖက်တွင် ဖုန်းကို ကြည့်နေသောသူတ‌ယောက်ရှိသည်..ထိုသူသည် တဖက်က ဘလော့ထားသည်ကို တွေ့ လိုက်ရာ သူ့ မျက်လုံးထဲတွင် အေးစက်သောအရှိန်အဝါများ ထုတ်လွှင့်နေသည်......" ဖုန်းကိုတောင် ဘလော့ ပစ်တယ်ပေါ့....ဘေဘီ တော်တော်ဆိုးနေပီ" သူ့ရဲ့ အေးစက်လှသော အရှိန်အဝါ များကြောင့် ဘေးနားက သက်တော်စောင့်များလည်း ထိတ်လန့်လာကြသည်....
" ငါတို့ဘော့စ် ရုတ်တရက်ကြီး ရေခဲ တောင်ထဲက ထွက်လာသလိုပဲ သူ့ အော်ရာတေက အေးစက် နေတာ...."

" အေး....ပြောကာမှပဲ ဟိုတလောတုန်းကတောင်မှ ဘော့စ်တယောက် ပြုံးပျော် နေလို့ ... ခုကျ ဘယ်လိုဖြစ်တာတုန်းဟ..."

" ငါလည်းမသိဘူး ... ဘော့စ်က တချိန်လုံး ဖုန်းကို ကြည့်နေတာ ခုလည်း ဖုန်းကိုကြည့်ပီး ဘာတေ ဒေါသထွက်နေလဲ မသိဘူး"

He is Trying To Catch MeWhere stories live. Discover now