Episode - 18(U & Z)

710 36 6
                                    

Unicode

[ တီ!!...တီ!!...]
မရပ်မနားမြည်နေသောဖုန်းသံကြောင့်အစည်းအဝေးခန်းထဲတွင် ရှိသော အကြီးအကဲများ နှင့် ၀န်ထမ်းများမှာ ထိုအသံကြောင့် စိတ်ရှုပ်သွားရပီး ဘယ်သူ့ဖုန်းကမြည်နေလဲ တယောက် နှင့်တယောက်
မေးမြန်းဟန်ကြည့်နေကြသည်။

'အစည်းအဝေးခန်းထဲမှာ ဖုန်းမသုံးရလို့စည်းကမ်းချက်ထုတ်ထားတာ ဘယ်လိုကောင်ကများ အတင့်ရဲလို့ ဖုန်းမြည်တာတောင် အသံကိုပိတ်မထားနိုင်ဘူး '
ထိုသူမှာ ကုမ္ပဏီ ရဲ့ ဘုတ်အဖွဲ့၀င်များထဲမှ တဦးဖြစ်သူ Thero ပင်ဖြစ်သည် ထိုသူမှာကုမ္ပဏီစည်းကမ်းကိုမလိုက်နာသူတဦးကို စိတ်ထဲကနေ ဆဲရေးနေသည် လက်ရှိ Thero သည် Mahiro မျိုးဆက်ထဲမှ အသက်အကြီးဆုံးဆွေမျိုးလည်းဖြစ်သည် လက်ရှိ သူသည်
63 နှစ်ရှိပီး အနားယူချင်သော်လည်းပဲ ယခုတွင် ပင်မအိမ်တော်မှာမူ မတည်ငြိမ်မှုများကိုသူမြင်နေရ၍ ထိုမတည်ငြိမ်မှုများတွေ့နေသောကုမ္ပဏီကြောင့် လက်ရှိမှာ သူ အလုပ်ဆက်လုပ်နေရခြင်းဖြစ်သည်
ပင်မအိမ်တော်ရှိသခင်လေးတေမှာ တယောက်နှင့်တယောက် တိုးတိုးတိတ်တိတ် တိုက်ခိုက်နေကြ၍ လက်ရှိမှာ Thero ဘယ်သူ့ဘက်ကို ထောက်ခံရမည်ကိုမဝေခွဲနိုင်ဖြစ်နေသည် ဒါပေမဲ့သူကတော့ စောင့်ကြည့်နေမည် အကယ်၍သူ့မျက်စိထဲ တယောက်ယောက် တွေ့မိရင်တော့ထိုသူကို အပြည့်အ၀ထောက်ခံပေးမည်သာဖြစ်သည်။

မနားတမ်းမြည်နေသောဖုန်းသံကြောင့် Lukas မျက်မှောင်ကြုံ့ လိုက်ပီး ဖုန်းကို ယူကာ အပြင်ကိုထွက်သွားသည်

Thero တယောက်ထိုအရာကိုမြင်တော့ မျက်ခုံးများတွန့်ချိုးသွားသည် အစည်းဝေးခန်းထဲတွင် တဖန် တိတ်ဆိတ်သွားပြန်သည်

Lukas သူ့အခန်းထဲရောက်တော့ ဖုန်းကိုကြည့်လိုက်ရာ ခေါ်ဆိုသူမှာ Philip ဖြစ်နေသည် ဖုန်းသံကတဖန်ထပ်မြည်လာပြန်ရာ ဖုန်းကိုင်လိုက်၏။ တဖက်မှ အသံစူးစူးကြောင့် Lukas ဖုန်းကို နားမှ ခွာလိုက်ပီး
" အကိုကြီး ... မင်း သေနေလား ငါဖုန်း ဆက်တာ အခါ သုံးဆယ်ရှိတော့မယ် "

" ငါမသေလို့ မင်းဖုန်းကိုင်တာပေါ့ ...ငါ့မှာအရေးကြီး meeting ရှိတာ မင်းကဘာကိစ္စ တရစပ်ကိုဖုန်းခေါ်နေတာလဲ ....ကုမ္ပဏီမှာကငါ့ကိုစောင့်ကြည့်နေတဲ့မျက်လုံးတေရှိတယ်
မင်း ဖုန်း call ကြောင့်ငါ့ကိုဘယ်လိုထင်သွားမလဲ မင်းသိလား !"
Lukas စိတ်တိုတိုဖြင့် အော်ပစ်လိုက်သည်
'ဒီသကောင့်သားကြောင့် ဟိုအဘိုးကြီး ငါ့ကိုစောင့်ကြည့်နေတော့မှာ '
မျက်ရိုးကိုနှိပ်လိုက်ပီး သူ့လေသံလျော့ကာ
" မင်းက အဲ့လောက်တောင်ခေါ်နေတာ ဘာအရေးကြီးကိစ္စရှိလို့လဲ"

He is Trying To Catch MeWhere stories live. Discover now