Unicode
လ၀က်ခန့်ကြာသော် -
နာမည်ကြီးကြယ်ငါးပွင့် ရှိအထပ်မြင့်ဟိုတယ်တွင် စီးပွားရေးလုပ်ငန်းရှင်များ ၊ ကြယ်ပွင့်လေးများ ၊ အိမ်တော်ကြီးများမှ အထက်တန်း သခင် ၊ သခင်မလေးများ ကလည်း လက်ရှိမှာ အောင်မြင်နေသည့် ကုမ္ပဏီရဲ့ ဒီဇိုင်းသစ် မိတ်ဆက်ပွဲ အခန်းအနား ကိုတက်ရောက်ကြသည်။ဒါ့အပြင် ယခု ဒီဇိုင်းကုမ္ပဏီ ကိုဦးစီးသည့် ပိုင်ရှင်မှာလည်း ငယ်ငယ်ရွယ်ရွယ် ကောင်လေး ဟု သူတို့ကြားသိထားသည် ၊ ထို့ကြောင့် ဒီပွဲကိုလာသူများမှာ အထူးသဖြင့် မိန်းမငယ်လေးများဖြစ်ပီး အပြိုင်အဆိုင် ရောက်လာကြသည်။
" နင်ပြောတာ သေချာရဲ့လား ဒီပွဲရဲ့ ပိုင်ရှင် ကောင်လေးကချောတာ ...."
" သေချာတယ် ဟိုတလောက လည်း ကုမ္ပဏီမိတ်ဆက်ပွဲကို ငါ့အဖေက သွားတာလေ
သူပြောတာတော့ ပိုင်ရှင်ကောင်လေးက ငယ်ရွယ်ထက်မြတ် ပုံပဲတဲ့ ငါ့အဖေက သူနဲ့တော့ စကားမပြောဖြစ်ဘူး ငယ်ရွယ်ထက်မြတ်မှတော့မချောမှာမပူနဲ့စိတ်ချထားလိုက်"" နင်သေချာတယ် ပြောလို့ငါ လာတာနော်
ဟွန့် .."" အေးပါ ဟဲ့ နင်စောင့်ကြည့်နေ "
ကောင်မလေးများက တီးတိုးသဖန်းဖိုး လုပ်နေကြသည်။ မကြာမီ ပွဲအခန်းအနားစတော့မည်ဖြစ်ရာ ကုမ္ပဏီရဲ့အဓိက ဒီဇိုင်းများကိုစတင်မိတ်ဆက်တော့သည်။ယခုဒီဇိုင်းကိုကြော်ငြာပေးရန်အတွက်လည်း နာမည်ကြီး ကြယ်ပွင့်များနှင့် စာချုပ်ချုပ်ထားသည်ဖြစ်ရာ အဆိုပါ ကြယ်ပွင့်များမှာ ပွဲအခန်းနား တလျှောက် ဒီဇိုင်းအလှများ ကို ကြော်ငြာပေးရသည်။" ဟဲ့ ဟဲ့ ဟိုမှာ ကြည့်လိုက်...သူဌေးလေး အရမ်းချောတာပဲ"
" အေး..ဟုတ်တယ် ဒီတခါတော့ နင့်စကားကို
ယုံလိုက်တာမှန်သွားပီ"" ဟွန့် ...ငါက လိမ်ပြောမလား ဒီလိုမျိုးဆို ငါက တိကျတယ်ဟဲ့ "
" ကောင်လေးကအရမ်းငယ်တာပဲ ... သူ့အရောင်ဝါတေက လင်းနေ တော့ငါသူ့နားသွားဖို့တောင် ရှိန်နေပီရယ်"
" အဲ့ဒါဆိုလည်းမသွားနဲ့လေ ဒီတိုင်းပဲကြည့်နေသိလား .... သွက်သွက်လက်လက် ကောင်မတေကတော့ အဲ့ကောင်လေးနားကို သွားအုံနေကြပီ နင်ကြည့်"
YOU ARE READING
He is Trying To Catch Me
General Fictionခင်များကို မုန်းတယ် ကျွန်တော် ဘ၀ကို ရိုက်ချိုး ပစ်လိုက်တာ ကျွန်တော့်ဘ၀ တသက်လုံး မုန်းနေမှာ ( မင်းနှိုင်းခ ) မုန်းချင်သလောက်သာမုန်း ကိုယ်က မင်းလေးကို ပိုချစ်ပေး မှာပေါ့ကွာ (Ryan)