Unicode
နောက်နေ့မနက် Levi သည် Austin နဲ့ Jame တို့ရှိရာ ဟိုတယ် ဆီသို့ သွားလိုက်သည်....
Austin နဲ့ Jame တို့သည် အခန်းထဲတွင် မနက်စာ စားနေသည်ကိုတွေ့လိုက်ရပီး Levi ၀င်လာသောအခါသူတို့က စားလက်စ မနက်စာကို မြန်မြန် အဆုံးသတ်လိုက်သည်။
" Levi .....မင်းမနေ့က ဘိုးတော်က ဘာတေပြောလိုက်လဲ " စပ်စုသော Austin က မေးလိုက်သည်.....Jame လည်းသိချင်၍ အနားကို ၀င်ထိုင်လိုက်သည်.... Levi ထိုနှစ်ကောင်ကိုကြည့်ပီး မရီပဲမနေနိုင်ပေ .. Levi ရီလိုက်သောအခါ အရင်ကလိုတည်တံ့တံ့ မျက်နှာနဲ့မဟုတ်ပဲ နွေဦးမှာ ပွင်းလန်းသောပန်းကလေး တပွင့်ဖူးဖွင့်သလိုမျိုး မြင်ရသူတိုင်းကိုကြည်နူးစေသည်..... Austin နဲ့ Jame နှစ်ကောင်သားသည် ထိုအပြုံးကြောင့် ငေးနေမိသည်.... Levi သူတို့ကိုပြောသည်ကိုတောင်မကြားနိုင်တော့ပေ။
" ဟေ့ နှစ်ကောင် ...ငါခေါ်နေတာလည်းကြာပီ
မင်းတို့ဘာတေစိတ်တေဘယ်ကိုလွှင့်နေတာလဲ"
စားပွဲကိုတောက်လိုက်မှ ထိုနှစ်ကောင်အသိ၀င်လာသည်....သူတို့ ချောင်းဟမ့်လိုက်ပီး...." ငါတို့ ...ငါတို့ ကမင်းကို ဘိုးတော်ကြီး ကနှိပ်စက်သေးလား ဆိုပီး စိတ်ပူလွန်သွားလို့....ဟုတ်တယ်နော် Jame "
" အမ်း..ဟုတ်တယ်""မင်းတို့က ငါ့ကိုခုထိကလေးလို့ထင်နေတာလား.....ဘိုးတော်က ဘာမှသိပ်မပြောပါဘူး..ဒီအတိုင်း ...."
" အမွေတေကိစ္စပဲပေါ့ .... "
" ငါသိနေတယ်အဲ့ဘိုးတော်က သူ့အမွေတေကိုတော်တန်ရုံလူကို မလွှဲချင်ဘူးဆိုတာ"
Austin ကပြောလိုက်သည်။" ငါတို့အခု အလုပ်ကိစ္စပဲပြောကြရအောင်..."
Levi သည် သူ့အိတ်ထဲကလက်တော့ပ်ကိုထုတ်ယူလိုက်ပီး ရှေ့တွင်ချလိုက်ပီး " ငါတို့လုပ်ရမယ့် လုပ်ငန်းက ဘယ်လိုမျိုးဆိုတာ မင်းတို့သိပါတယ်....အန္တရာယ်လည်းများတယ်.....ဒီကိစ္စကို ငါ့အိမ်ကဘိုးတော် သိလို့မဖြစ်ဘူး"" စိတ်ချပါ ငါတို့က မင်းသူငယ်ချင်းတေပါ သိပါတယ်"
" အင်း....Jame မင်းတို့ဟိုတလောက ခေါ်လာတဲ့ စပ်တူ ရှယ်ယာ၀င်ထားတဲ့ သူရော မင်းသူ့ဆီကိုဆက်သွယ်ကြည့်သေးလား"
" ငါဆက်သွယ်လိုက်မယ် ဒါပေမဲ့ငါတို့က ဂျပန်ကိုလာတာကို သူက မသိသေးဘူး "
YOU ARE READING
He is Trying To Catch Me
General Fictionခင်များကို မုန်းတယ် ကျွန်တော် ဘ၀ကို ရိုက်ချိုး ပစ်လိုက်တာ ကျွန်တော့်ဘ၀ တသက်လုံး မုန်းနေမှာ ( မင်းနှိုင်းခ ) မုန်းချင်သလောက်သာမုန်း ကိုယ်က မင်းလေးကို ပိုချစ်ပေး မှာပေါ့ကွာ (Ryan)