ဒုတိယ ပိုင်း ....
ကုမ္ပဏီ ရဲ့ ဆက်ခံသူ အပြောင်းအလဲ ကြီး ဖြစ်ပီး သုံးပတ်ခန့်ကြာသော်
လီဗယ်လ် ကို သတ်တဲ့တရားခံကို ခုထိရှာလို့မတွေ့သေးပေ။လီဗယ်လ် ရဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အော်စတင် နဲ့ ဂျိမ်းစ် တို့ကတော့ ထိုလူသတ်တရားခံ ကိုမတွေ့တွေ့အောင် ရှာရန် အစွမ်းကုန်ကြိုးစားကြ၏။
မာဟီးရို မိသားစုကြီးပိုင်လုပ်ငန်းကို လက်ရှိ မှာ ဦးဆောင်သူမရှိသောကြောင့် လူးကပ်စ် ကတာ၀န်ယူ၍ အုပ်ချုပ်သည်။အရင် မာဟီးရိုခေါင်းဆောင်ကတော့ နှလုံးအမောဖောက်၍ ကိုမာ ၀င်နေခဲ့သည်။ဘယ်ချိန်မှာသတိရမလဲ အတိအကျမသိပေ။ခေါင်းဆောင်အပြောင်းအလဲကြောင့်ကုမ္ပဏီရဲ့ မူဝါဒတေစည်းမျဉ်းတေကအစ ပြောင်းလဲသွားသည်။တဖက်မှာလည်း လူသတ်တရားခံကို အသည်းအသန် ရှာနေသော အော်စတင် သည် သူ့ဆီသို့ သတင်းရောက်လာခဲ့ ရာ ချက်ချင်း ရဲများရှိရာ ဆိပ်ကမ်း ဆီ သို့ သွား၏။ ထိုနေရာရောက်သော် လူသတ်သမား သည် ဘယ်သူမှန်းမသိအောင် အသားစ များ ထွက်နေပီး မျက်နှာမှ အစ တကိုယ်လုံး ပုတ်ပွနေခဲ့ သည်။ ဘယ်အချိန်က သေမှန်း မသိရဖြစ်သည်။ ရဲစစ်ဆေးချက်အရ အဆိုပါလူသတ်သမား သည် လူသတ်အပီး ဆိပ်ကမ်းဆီသို့ ထွက်ပြေးရာ နေရာမှာ ပဲ ရက်ရက်စက်စက် အသတ်ခံရသည်ဟု ကောက်ချက်ချ သည်။ လူသတ်သမားကိုသတ်သည်က မည်သူနည်း ။ ဘာကြောင့် သတ် လဲ ဆိုတဲ့ မေးခွန်းများ ဆက်လက်ထွက်ပေါ်လာခဲ့ ရာ အမှုသည် သေးရာမှ ကြီးထွားလာခဲ့သည်။ အဆိုပါ သတင်းသည် မြ်ို့တော်တမြို့လုံး အနှံ့ ပျံ့ လာခဲ့တော့သည်။
ထိုအချိန်တွင် မာဟီးရို ကုမ္ပဏီ ကြီးရဲ့ အုပ်ချုပ်သူ အဖြစ် ယာယီ တာဝန် ထမ်းဆောင်နေသော လူကပ်စ် လည်း သတင်းကိုကြားသော် သူ့ရှေ့မှာရှိသော ဖန်ခွက်ကို ခွဲလိုက်သံက အခန်းတခုလုံးပဲ့တင်ထပ်နေခဲ့သည်။ တရားခံကို တွေ့ ပီဆိုတော့ နောက်ကြောင်းကိစ္စတေကိုလည်း ဆက်စုံစမ်းနိုင်သည်။ သူဘာလုပ်ရမလဲ ။
" အကိုကြီး .... ခုဘာဆက်လုပ်မှာလဲ ရဲတေ ဆက်ပီးတူးဆွနေရင် ကျွန်တော်တို့ရဲ့ နောက်ကြောင်းတေကို အနှေးနဲ့အမြန်သိတော့မှာ..... ခုဘယ်လိုလုပ်မလဲ" ဖီးလစ်က စိုးရိမ်စွာပြောလိုက်၏။ ဒီကိစ္စထဲတွင်အဓိက ပါဝင်သူမှာ လူးကပ်စ် သာဖြစ်သည်။ သူက လီဗယ်လ် ကို သေစေချင်သောကြောင့်သာ ထို ကိစ္စမှာ ပါရတာဖြစ်သည်။ နောက်ပီး မိသားစု လုပ်ငန်းခွဲတခုကိုလည်း သူကိုယ်တိုင်အုပ်ချုပ်နေရာ ခုချိန်မှ သာ သူ့ကို ဖမ်းပါက လုပ်ထားသမျှ သဲထဲရေသွန် ဖြစ်သွားနိုင်၏။ သူလက်ရှိရထားသော နေရာကနေ လက်မလွှတ်နိုင်ပါပေ။ စတေးခံ တယောက်ယောက်တော့ ရှိမှဖြစ်မည်။
YOU ARE READING
He is Trying To Catch Me
Художественная прозаခင်များကို မုန်းတယ် ကျွန်တော် ဘ၀ကို ရိုက်ချိုး ပစ်လိုက်တာ ကျွန်တော့်ဘ၀ တသက်လုံး မုန်းနေမှာ ( မင်းနှိုင်းခ ) မုန်းချင်သလောက်သာမုန်း ကိုယ်က မင်းလေးကို ပိုချစ်ပေး မှာပေါ့ကွာ (Ryan)