Episode - 2(U & Z)

1.2K 55 1
                                    

Unicode

ကလေးငယ်လေးကို မီးဖွားပီး ငါးလ အကြာ၌ သူမ မွေးဇာတိ ပြည် ဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့သည်။ မြန်မာပြည်ရောက်တော့ သူ့ မိဘ ဆွေ မျိုးတေကို သူမ လက်ထပ်ပီး ကလေး လေးကို ဗြီတိန် မှာ မွေးဖွားခဲ့ကြောင်း ပြောလေသည်။သူမ မိဘ များ နဲ့ အဖိုးအဖွား များက မြန်မာနိုင်ငံ ရဲ့ အထင်ကရ မြို့ တခု ဖြစ်တဲ့ အမရပူရ မှာ နေထိုင်ပီး ထို မြို့ ၌ စီးပွားရေးလုပ်ကိုင်ကြသည်။သူမ အရွယ်ရောက်သောအချိန်မှ သူတို့ လုပ်ငန်း ခွဲ များကို သူမ ကိုလွှဲပြောင်း အမွေပေးခဲ့သည်။သူမသည် ထို အမွေ များဖြင့် လုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ရှေးလူကြီးများပီပီ လူငယ်များ၏ ရှုပ်ထွေးသော ကိစ္စများလည်း နားမလည် ကြချေ။သူမ မိဘ နှင့် အဖိုးအဘွား များက ကလေး အဖေ ကိုမေးကြသောအခါ သူမ ဘယ်လို ပြောပြရမှန်း မသိပါ။သူမ က အငယ်အနှောင်း တယောက် ဖြစ်ပီး ထိုလူရဲ့ကလေးကိုလည်း မွေးပေးခဲ့ရတယ် ဟုပြောလျင် မိဘ များ ရင်ကွဲရချေမည်။ သူမ ရင်ထဲ၌ တုန်လှုပ် ၍ မုသား ဟု မဆိုသာသောစကားများကို ပြောလိုက်သည်။

" အဖေ နဲ့ အမေ သမီးကလေးရဲ့ အဖေက  အရမ်းအလုပ်များတာမို့ သူက တခါတရံမှ လာတာ များတယ်လေ ...အဲ့တာကြောင့် သူက ခုလည်း အရမ်းအလုပ်များတာကြောင့်အဖေ နဲ့ အမေ တို့ နဲ့ တွေ့ဖို့ မလာနိုင်တာပါ..."

ထိုစကားကိုကြားသော် သူမ မိဘများက နားလည်ပေးကြသည်။အရာရာကို နားလည် မှု ပေးသော မိဘ များကြောင့် သူမ သည် စိတ်အေးရသည်။မိဘ များကိုလည်း ဒီထက်ပို၍ စိတ်ချမ်းသာအောင် ထားမည် ဟု သူမစိတ်ထဲ မှတ်ထားလိုက်သည်။

---

သားလေး တနှစ်သားအရွယ်တွင် Mahiro
ရောက်လာပီး ကျွန်မ နဲ့ သားလေးကို ဂျပန် နိုင်ငံ မှာ ရှိတဲ့ သူ့ရဲ့ အိမ်တော်ကို ခေါ်သွား ခဲ့သည်။ လေဆိပ်မှ ဆင်းပီး ဂျပန် ပြည်ရဲ့ လေ အေးအေး လေး များက တိုက်ခတ်လာပီး ကြိုဆိုသယောင် ၊ ရှေ့တွင် Rolls - Royce Black ကား က သူမတို့ရှေ့တွင် ရပ်လိုက်ပီး ကားထဲမှ အတွင်းရေးမှူးက ထွက်လာကာ သူမတို့ ပစ္စည်း များကို ကားပေါ်တင်ပေးသည်။သူမသည် ထိုကားကို ကြည့်၍ ကမ္ဘာ့ ဈေး အကြီးဆုံးထဲ မှ တခု ဖြစ်သည်ကို သိသည်။သူမ အမျိုးသားသည် ဘာ အလုပ်ကို လုပ်ကိုင် သနည်း ? သူမ အိမ်ထောင် မကျခင်က သိချင်ခဲ့သော မေးခွန်းများကို ပြန်မေးချင်လာသည်။ သူမ သည် ကလေးကို ပိုက်၍  ကားထဲသို့ ၀င်ထိုင် လိုက်သည်။ထို့နောက် ဂျပန် နိုင်ငံရဲ့ အထင်ကရ မြို့ တော် ဖြစ်တဲ့ လူချမ်းသာများ နေထိုင်သော ရပ်ကွက်သို့ မောင်းနှင် သွားလေသည်။

He is Trying To Catch MeWhere stories live. Discover now