Episode -10(U & Z)

550 23 0
                                    

Unicode

မှုန်မှိုင်းနေသောကောင်းကင်ကြီးအောက်တွင်Levi သည်မတ်တပ်ရပ်လျက်သားနဲ့သူ့နားကပတ်၀န်းကျင်ကိုကြည့်နေခဲ့သည်။ထိုနေရာသည်သူလုံး၀မရောက်ဘူးခဲ့သောနေရာစိမ်းဖြစ်သောကြောင့်သူပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်ရန်ရှေ့သို့ဆက်သွားလိုက်သည်။ထူးဆန်းသည်ထိုနေရာတွင် လူ တယောက်မှကိုသူမတွေ့မိပါ မဲမှောင်အုံ့မှိုင်းနေသောကောင်းကင်ပြင်ကိုသာတွေ့ရ၏။ရှေ့ဆက်သွားလေလေသူ့ရင်ထဲမှာကြောက်ရွံ့စိတ်များ၊စိတ်လှုပ်ရှားမှုကြောင့် တကိုယ်လုံးချမ်းစိမ့်လာသလို ၊ ရှေ့ဆက်သွားနေသော ခြေလှမ်းမှာလည်း တုံ့ဆိုင်းနေ၏။အချိန်ကြာလာ‌လေ‌လေပတ်၀န်းကျင်တခွင်လုံး‌က ကောင်းကင်ကြီးမှာ မဲမှောင်လွန်းနေ၍သူကြောက်စိတ်၀င်မိလာလေပီ။ ချမ်းစိမ့်စိမ့်ဖြစ်ပေါ်သောခံစားချက်ကြီးကြောင့် လက်နှစ်ဖက်ကလက်မောင်းကိုပွတ်သပ်လိုက်ပီးစိတ်ထဲကကြောက်ရွံ့မှုကိုချေဖက်နေရသည်။

အတန်ကြာလျှောက်လာလိုက်ရာမြူမှုန်များရောထွေးနေပီး ထိုမြူမှုန်များနောက်တွင်အလွန်ကြီးမားသောစံအိမ်ကြီး‌ကိုတွေ့လိုရသည်။Levi အလွန်၀မ်းသာသွားပီး ထိုစံအိမ်ထဲ၀င်ရန်ခြေလှမ်းလိုက်၏။ခြံ၀န်းကြီးမှာ လွန်စွာကြီးမားလွန်း၍စံအိမ်ထဲရောက်ရန်လမ်းတော်တော်လျှောက်လိုက်ရသည်။ပတ်၀န်းကျင်တွင်ဘာသက်ရှိမှမရှိပဲကောင်းကင်ကြီးမှာလည်းပိုပီးမည်းမှောင်သွားတော့၏။ထို့ကြောင့်Levi လည်းကြောက်ကြောက်နှင့် စံအိမ်တံခါးကိုအလျင်မြန်ဆွဲဖွင့်ပီး၀င်သွားလိုက်သည်။စံအိမ်ထဲတွင်အပြင်နဲ့မတူစွာအလွန်ကိုမှနွေးထွေးပီးနေရာတိုင်းကလည်းမီးများလင်းထိန်နေသည်။Levi စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပီးဒီစံအိမ်ကပိုင်ရှင်မှာဘယ်သူဆိုတာကိုသူသိချင်မိပါ၏။ထို့ကြောင့်သူလှေကားအတိုင်းအပေါ်ထပ်သို့တက်လာလိုက်ရာအပေါ်ထပ်တွင်စံအိမ်၀င်ပေါက်နှင့်မတူစွာ မည်းမှောင်နေပြန်သည်။အခန်းတိုင်းကိုလည်းတံခါးပိတ်ထားရာ ပိန်းပိတ်အောင်မှောင်နေပါသည်။Levi တဖန်ကြောက်စိတ်၀င်လာမိပီး အသက်ရှုသံများမှာလည်းမြန်လာလေပီ။သူအလျင်မြန်နောက်ပြန်လှည့်လိုက်ရာသူ့နောက်တွင် အရပ်ရှည်ရှည်ပုံသဏ္ဌာန်ကိုမြင်‌တွေ့လိုက်ရပီးLevi သူ့ကြောက်စိတ်ကိုသေချာထိန်း၍အမှောင်ထဲကထိုအရာကို စူးစိုက်ကြည့်လိုက်ရာထိုအရာမှာ လူပုံသဏ္ဌာန်ဖြစ်မှန်းသိလိုက်ရ၏။သူတနည်းဖြင့်စိတ်သက်သာရာရသွားတာမကြာသေးထိုလူက သူ့ဆီသို့ ဖြည်းဖြည်းချင်းလှမ်းလာသည်။ရှည်လျား‌‌သောအရပ်အ‌မောင်းနဲ့အမှောင်ထဲတွင်ထိုလူမည်သူဖြစ်သည်ကို Levi ခွဲခွဲခြားခြား မသိနိုင်ပေ။သူ့အနားရောက်သောအခါ ထို လူက သူ့ကိုစိုက်ကြည့်လာ‌၏။စူးရဲသောမျက်လုံးများကသားကောင်ကိုအပိုင်ချုပ်ကိုင်နိုင်စွမ်းအပြည့်နှင့် ကြည့်လာသည်။အတန်ကြာထိုလူကကြည့်ပီးနောက်သူ၏လည်စလုတ်ကြီးများကလှုပ်ရှားလာ၏။
" မင်းကိုတွေ့ပီ ကိုယ်မင်းကိုရှာတွေ့တာနောက်ကျသွားတယ် အခုတော့မင်းကိုယ်နဲ့ဒီစံအိမ်ကြီးထဲမှာ နေရမှာ မင်းမပျော်ဘူးလား"

He is Trying To Catch MeWhere stories live. Discover now