Episode - 17(U & Z)

625 34 2
                                    

Unicode

မိုးကုတ်စက်ဝိုင်းကြီးတွင် ရွှေရောင်အလင်းပြပြလေးကတဖြည်းဖြည်းမှောင်နေသော ကောင်းကင်ယံထက်သို့ ရောက်ပီးကမ္ဘာမြေလူသားအားလုံးတို့ကို အလင်းပေးနိုင်သော ရွှေဝါရောင်နေမင်းကြီးက လူသားတို့ကို မနက်ခင်း အချိန်တွင် မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ဖို့ရန် နှိုးဆော်နေသကဲ့သို့ နေခြည်အလင်းများဖြာကျပေးလျက်ရှိသည်

ဖြူလွှလွှလိုက်ကာကြားမှ နေအလင်းရောင်လေးတေက ဟိုတကြားသည်တကြား ထိုးဖောက်၀င်ရောက်နေရာ အေးချမ်းစွာအိပ်ပျော်နေသော သူ တယောက်က မျက်မှောင်ခပ်ဖြည်းဖြည်းကြုံ့လိုက်မိသည်
စောင်ကိုခေါင်းမူးခြုံလိုက်ပီး ၀င်လာသော အလင်းလေးကိုပိတ်ပစ်လိုက်၏ တခဏမျှအကြာ စားပွဲနားတွင်ရှိသော ဖုန်းက တုန်ခါလာသည် Levi လည်း စောင်ကိုလှပ်လိုက်ပီး
အိပ်ချင်မူးတူးဖြင့် ဖုန်းကိုယူကြည့်လိုက်ရာ ခေါ်ဆိုသူမှာ Jame ဖြစ်နေသည် ဖုန်းကိုင်လိုက်ပီး စကားမပြောမီတဖက်ကအသံ ကြောင့် အိပ်ချင်နေသောစိတ်ပါ ကြက်ပျောက်ငှက်ပျောက်

" ဟေ့ ဘယ်လိုလဲ ပျော်ခဲ့ရဲ့လားမနေ့က"

" ဘာကို "
Levi အသံက ခုမှအိပ်ယာကထစမို့ထင် အသံက အက်ကွဲနေသည် သူလည်း ကုတင်ဘေးက ရေဘူးကို သောက်လိုက်ပီး လည်‌ ‌ ချောင်းရှင်းလိုက်ရာ

" မင်း..ခုထိ အိပ်ယာပေါ်မှာမထရသေးဘူးလား ညကဘယ်လောက်တောင်ကောင်းခဲ့လို့တုန်း"
ပီတီတီအသံဖြင့် Jame တယောက် ' ငါသိပီးပီနော်ဒါမျိုးတေ အထာကျနေပီ' ဆိုသော အထာဖြင့် ပြောလိုက်၏

" ဘာကကောင်းတာလဲ ငါဖြင့်မှတ်တောင်မမှတ်မိဘူး မနေ့က ငါဘာတေဖြစ်လို့လဲ "

"........."
ဖုန်းတဖက်တွင် ဘာသံမှမကြားတော့ရာ Levi သူ့ဖုန်းကိုပြန်ကြည့်တော့ ဖုန်းကချိတ်ဆက်ထားတာမြင်ရသည်
" ဟေ့ကောင် ငါပြောတာကြားလား ရုတ်တရက် ဘာသံမှမကြားရလို့ လိုင်းများမကောင်းလို့လား"

ထိုအခါမှ
" မင်း...မင်း..တကယ်ကြီး မမှတ်မိဘူး"
"ငါ မင်းတို့နဲ့ကလပ်ကိုသွားပီးသောက်တယ်လေ အဲ့နောက်ပိုင်းတော့ငါ ဘာမှမမှတ်မိဘူး"
မနေ့ကသောက်ထားသောအရှိန်ကြောင့် ခေါင်းတေကိုက်လာရာ Levi ခေါင်းကိုနှိပ်ရင်းဖြင့်
" မနေ့က ဘယ်လောက်တောင်ငါသောက်ခဲ့တာလဲ ခုခေါင်းတေ အတော်ကိုက်နေပီ"

He is Trying To Catch MeWhere stories live. Discover now