(Part 1)

4.5K 315 8
                                    

Unicode

''အားကျန့် နင်အခုတလောနာမည်ကြီးနေတဲ့ဟိုဟာ
ကို သိပြီးပြီလား''

''အဆက်အစပ်မရှိ ဘယ်ဟာတုန်း ကျဲရဲ့''

''ဟို 'ROYAL Highness' ဆိုတဲ့ novel လေဟာ...နာမည်တော်တော်ကြီးနေတာလေ အခုသူ့ကိုရုပ်ရှင်တောင်ပြန်ရိုက်တော့မယ်ဆိုတာ''

''အော် ကြားတော့ကြားမိတယ်လေ''

''နင်ဖတ်ပြီးပြီလား''

''ဖတ်တော့ဘယ်ဖတ်ဖြစ်မလဲ ကျဲရဲ့ ကျွန်တော်မှစိတ်မဝင်စားတာကို''

''ဟဲ့ ဖတ်ကြည့်စမ်းပါဟယ် ငါတောင်ဟိုနေ့ကမှစဖတ်ဖြစ်တာ တကယ်ကောင်းလို့''

''နေပါ ကျဲရာ''

''အားကျန့် နင်ကလည်းငါကအကောင်းနဲ့ပြောတာကို နင်လည်းစိတ်အပန်းပြေအောင်တစ်ခါတစ်လေလေး အဲ့ဒါမျိုးတွေဖတ်သင့်တယ်ဟ ပြီးတော့နင်အသည်းကွဲထားတာမကြာသေးဘူးမို့လို့ ဖတ်လို့ရအောင် ငါကလာပြောပြတာ''

''ကျဲ! ဘာလို့ကျွန်တော်အသည်းကွဲတဲ့အကြောင်းကပါလာရတာတုန်း''

''ငါကစေတနာနဲ့ကို နင်ကအသက်ပဲ ၃၀ ကျော်တော့မယ်၊ အခုထိအသဲကွဲလို့ကောင်းနေတုန်းဆိုတော့ နင့်ရဲ့စိတ်ဒဏ်ရာလေးတွေပြန်ကုစားလို့ရအောင်လို့ပါ ဟဲဟဲ ပြီးတော့ အဲ့ထဲကဇာတ်ကောင်တစ်ယောက်နာမည်က နင်နဲ့တူတူပဲနော်''

''ဒီလိုဆိုတော့ ကျွန်တော်တောင်နည်းနည်းစိတ်ဝင်စားသွားတယ် ဆိုစမ်းပါဦး ကျွန်တော်ကဘယ်နေရာကလဲ?''

''ဗီလိန်နေရာက''

''ကျဲ! . .တော်ပြီ ကျဲနဲ့စကားမပြောတော့ဘူး''

''တောင်းပန်ပါတယ်ဟယ် ဖတ်စမ်းပါလို့ဆို အဲ့ထဲမှာမင်းသားကတော်တော်မိုက်တာဟ မင်းသမီးနဲ့တောင်မတန်ဘူး မင်းသမီးကဘာမှမရှိတဲ့အောက်ခြေလူတန်းစား ငါ့ဇာတ်လိုက်မင်းသားကအရှိန်အဝါအပြည့်နဲ့ တော်ဝင်မျိုးနွယ်၊ ပြီးတော့ငါကြိုက်တဲ့ခပ်ဆိုးဆိုးtypeလေး၊ ဒါပေမယ့်လည်းဘယ်တတ်နိုင်မှာလဲ လူတွေကလည်းဇာတ်လမ်းဆို ဒီလိုtypeမျိုးကိုပဲကြိုက်ကြတာဆိုတော့လည်း ငါအပါအဝင်ပေါ့''

''ကဲပါ ကျန့်ကျန့် နင်ဖတ်ဖြစ်အောင်ဖတ်ရမယ်နော်''

''ဟုတ်ပါပြီကျဲရာ''

My Nephew is My Husband!Where stories live. Discover now