( Part 16 )

2.3K 276 40
                                    

Unicode

''မယ်တော်ကြီးက ကျွန်တော်နဲ့စကားမပြောချင်ဘူးတဲ့လား''

''ဟမ်''

Hotel ရဲ့ Dinner room ထဲမှာညစာစားနေကြရင်း ဝမ်ရိပေါ်ကပြောလိုက်တာဖြစ်သည်။

''အိမ်ရှေ့ကဘာလို့အဲ့လိုမေးတာလဲ''

''ခုနကဦးရီးတော်ပြောတာကို ကြားရသလောက်အဲ့လိုပုံစံပေါက်နေလို့''

ရှောင်းကျန့်ကနှုတ်ခမ်းသားတွေကွေးညွတ်သွားအောင်ပြုံးလိုက်ရင်း

''အဲ့လိုမဟုတ်ပါဘူး မယ်တော်ကြီးကအိမ်ရှေ့စံကိုအနှောင့်အယှက်မပေးချင်တော့လို့ထင်ပါရဲ့ ပြီးတော့သူ မပြောလည်းအိမ်ရှေ့စံလုပ်နိုင်မယ်ဆိုတာသူသိပြီးသားလေ''

ရှောင်းကျန့်အဖြေအပြီးမှာတော့ ဝမ်ရိပေါ်ကဘာမှမပြောဘဲညစာကိုပဲဆက်စားနေတယ်။

''ပြီးတော့အိမ်ရှေ့စံ မနက်ဖြန်တစ်ချို့သံတမန်တွေကမင်းကိုခက်ခဲအောင်လုပ်ကြလိမ့်မယ် အဲ့ခါကျရင်ကိုယ်ကအိမ်ရှေ့စံကိုကူညီပေးမှာမို့လို့ စိတ်ကိုအေးအေးထားပါ''

''ကျွန်တော်စိတ်လှုပ်ရှားနေတယ်လို့ ခင်ဗျားကိုဘယ်သူပြောလဲ''

''....''

ရှောင်းကျန့်ကတော့ဝမ်ရိပေါ်ရဲ့ရိုင်းစိုင်းမှုကြီးကို ဆွံ့အပြီးရင်းဆွံ့အနေဆဲပင်ဖြစ်သည်။

စိတ်လျှော့ ရှောင်းကျန့် စိတ်လျှော့ သူနဲ့မနက်ဖြန်တစ်ရက်ပြီးရင်မတွေ့ရတော့ဘူး....။

''အိမ်ရှေ့စံနဲ့ ဦးရီးတော်ကိုတွေ့ရတာဝမ်းသာပါတယ်''

''ကျွန်တော်တို့လည်းတွေ့ရတာဝမ်းသာပါတယ် ထိုင်ကြပါ သံတမန်ကြီးတို့''

''ကျုပ်တို့ဦးရီးတော်အကြောင်းတော်တော်များများကြားဖူးပါတယ် ဦးရီးတော်ကလိမ္မာပါးနပ်ပြီး ရုပ်ရည်လည်းအင်မတန်ချောမောတယ်တဲ့၊ တကယ်လည်းကြားရတဲ့သတင်းတွေနဲ့ထပ်တူကျလှပါပေတယ်''

''ဟားဟား သံတမန်ကြီးကတော့ကျွန်တော့်ကိုမြှောက်နေပြန်ပါပြီ''

''ကျုပ်ကအိမ်ရှေ့စံတစ်ယောက်တည်းလာမယ်ထင်တာ ဦးရီးတော်ပါမယ်လို့တောင်မထင်ထားဘူး''

My Nephew is My Husband!Where stories live. Discover now