(Part 2)

2.9K 310 22
                                    

Unicode

ရှောင်းကျန့်အခြေအနေတွေကိုတကယ်နားမလည်တော့ဘူး။တကယ်ပဲဘာတွေဖြစ်နေတာလဲ။ညကရှောင်းကျန့်ခါတိုင်းနေ့တွေလိုပဲ ပင်ပန်းလွန်းလို့အိပ်ပျော်သွားခဲ့တာလေ။နိုးလာတော့ဘာလို့ဒီလိုအခြေအနေကြီးဖြစ်နေတာလဲ။ပြီးတော့ရှောင်းကျန့်ခေါင်းထဲမှာတဖြည်းဖြည်းပေါ်လာတာတွေက ဒီnovelအကြောင်းတွေပဲ။novelထဲက ဗီလိန်ရှောင်းကျန့်ကိုသူ့အိမ်တော်ထိန်းက သခင်ကြီးလို့ခေါ်တာကိုရော။ရှောင်းကျန့်ရဲ့အိမ်တော်ကြီးက နန်းတော်ကြီးတမျှခမ်းနားလှတာကိုရောပေါ့။

အခြေအနေတွေအရဆက်စပ်တွေးကြည့်ရင် သူကnovelထဲရောက်သွားခဲ့တာလား။ဒါပေမယ့် ဒါကြီးကလုံးဝကိုယုတ္တိမရှိဘူး။ဒီလိုမျိုးအဖြစ်ကြီးကတကယ့်လောကမှာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သိပြီ သူဒီnovelကိုစိတ်စွဲသွားပြီး အိပ်မက်မက်နေတာပဲဖြစ်ရမယ်။နိုးထစမ်း ရှောင်းကျန့်! အမြန်ထလိုက်စမ်းပါ။

ဘေးကထိုင်ကြည့်နေတဲ့ပိုင်ချောင်တစ်ယောက် သူ့သခင်ကြီးကိုအမှန်တကယ်စိုးရိမ်နေပြီပဲဖြစ်တယ်။သခင်ကြီးကမေ့လဲရုံလေးနဲ့ခေါင်းပါထိသွားတာများလား။အခုလည်းသခင်ကြီးကသူ့ခေါင်းသူထုရင်းခါရင်းနဲ့ အံကြိတ်ပြီးတတွတ်တွတ်ပြောနေပြန်တယ်။ဒီလိုနဲ့တကယ်ပဲရူးသွားရင် ပိုင်ချောင်တော့ရင်ကျိုးရချည်ရဲ့။သခင်ကြီးကသူ့ကိုယ်သူထုရင်းရိုက်ရင်းနဲ့မှ ပိုင်ချောင်ဘက်ရုတ်တရက်လှည့်လာပြီး

''ခင်ဗျား! ကျွန်တော့်ကိုတစ်ချက်လောက်ရိုက်လိုက်စမ်းပါ''

''ဗျ ဗျာ!''

''ပါးပဲဖြစ်ဖြစ် ဒါမှမဟုတ်ဇတ်ပိုး ခင်ဗျားအဆင်ပြေတဲ့နေရာတစ်ခုခုသာရိုက်ချလိုက်''

''သခင်ကြီး ဒီလိုလုပ်လို့မသင့်တော်..''

''အော် ကဲ ရိုက်မှာသာရိုက်စမ်းပါ ခင်ဗျားမရိုက်ရင်ကျွန်တော်ခင်ဗျားကိုအပြစ်ပေးမှာနော်''

ရှောင်းကျန့်အဲ့လိုခြိမ်းခြောက်လိုက်မှ ကြောက်ကြောက်လန့်လန့်နှင့်အနားရောက်လာသည်။မခြိမ်းခြောက်လို့လည်းမရတော့ဘူး။ ဒီလိုဘာမှန်းမသိတဲ့အခြေအနေကြီးမှာရှောင်းကျန့်မနေနိုင်တော့ဘူး။ဒါကအိပ်မက်ဆိုရင်လည်း ရှောင်းကျန့်အမြန်နိုးထမှကိုဖြစ်မှာ။

My Nephew is My Husband!Where stories live. Discover now