( Part 11 )

2.5K 293 28
                                    

Unicode

''အိမ်ရှေ့စံ.....အိမ်ရှေ့စံ အဲ့လိုကြီးရှောင်ထွက်မသွားနဲ့လေ ကိုယ်မေးတာဖြေ''

''ကျွန်တော်ဖြေပြီးပြီလေ''

''ကြည့်ပါလား အခုလည်းမင်းကိုယ့်ကိုသေချာမဖြေဘဲရှောင်နေတာမဟုတ်ဘူးလား''

''. . .''

ရှောင်းကျန့်ကဝမ်ရိပေါ်သွားတဲ့နောက် တစ်ကောက်ကောက်လိုက်ပြီးမေးနေတာဖြစ်တယ်။ ဝမ်ရိပေါ်ကတော့ရှောင်းကျန့်ကိုတောင်လှည့်မကြည့်ဘဲ အရှေ့ကိုပဲခပ်သုတ်သုတ်သွားနေတာ။ ရှောင်းကျန့်ကလည်းဝမ်ရိပေါ်နောက်ကနေထပ်ကြပ်မကွာကိုလိုက်တယ်။

''အိမ်ရှေ့စံ ကိုယ်ကကိုယ်ရဲ့တူလေးနဲ့အဆင်ပြေပြီထင်ပြီးဝမ်းသာနေတာကို အိမ်ရှေ့စံကအခုလိုရုတ်တရက်ကြီးဖြစ်သွားတော့ကိုယ်အရမ်းစိတ်မကောင်းဖြစ်ရတယ်''

''ဦးရီးတော်.....ခင်ဗျားဘာဖြစ်နေတာလဲ''

''အိမ်ရှေ့စံကဖြစ်နေတာလေ''

''ကျွန်တော်ကဘာဖြစ်လို့လဲ''

''တွေ့လား မင်းမသိချင်ယောင်ဆောင်နေပြန်ပြီ''

''ရှောင်းကျန့်...ကျွန်တော့်ကိုလာရစ်နေတာလား''

''ဘာ..ကိုယ်ကအိမ်ရှေ့စံကိုဘာလို့ရစ်ရမှာလဲ''

''အဲ့ဒါဆိုလည်းကျွန်တော့်နောက်တကောက်ကောက်လိုက်မနေနဲ့ဗျာ အာရုံနောက်တယ်''

ရှောင်းကျန့်မှာပြောစရာစကားတောင်မရှိတော့ဘူး။ ဝမ်ရိပေါ်ကမသိတတ်ဘဲရိုင်းစိုင်းတယ်ဆိုတာသိပေမယ့် စကားကိုအဲ့လောက်ထိမဆင်ခြင်ဘဲပြောနိုင်မယ်လို့ မထင်ထားဘူး။

''ကိုယ်တောင်းပန်ပါတယ် ကိုယ်ကအိမ်ရှေ့စံရဲ့အခြေအနေအမှန်ကိိုသိချင်ရုံလေးပါ ဒါကအဲ့လောက်ထိအိမ်ရှေ့စံကိုစိတ်ဒုက္ခပေးလိမ့်မယ်လို့မတွေးလိုက်မိဘူး အိမ်ရှေ့စံကပဲအရိပ်အကဲမသိတဲ့ဒီဦးလေးကို သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးပါဦး''

ရှောင်းကျန့်ရင်ထဲတစ်မျိုးကြီးခံစားလိုက်ရတာမို့ ထွက်လာတဲ့စကားတွေကလည်းအဆင်မပြေတော့ဘူး။ တကယ်ပဲဒီခံစားချက်ကြီးကဘာကြီးလဲ။

My Nephew is My Husband!Where stories live. Discover now