( Part 15 )

3K 291 27
                                    

Unicode


''ဦးရီးတော်''

''. . .''

''ရှောင်းကျန့်''

''. . .''

''ရှောင်းကျန့်!!!''

''ဟမ် . . .အော် အိမ်ရှေ့စံ ပြောလေ''

''ကျွန်တော်ဒီလောက်ခေါ်နေတာခင်ဗျားမကြားဘူးလား''

''ဟုတ်လား ကိုယ်မကြားလိုက်လို့ sorry ဘာပြောမလို့လဲ''

''ဘာမှမဟုတ်ဘူး သွားတော့မယ်''

လှည့်ထွက်သွားတဲ့ဝမ်ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်သက်ပြင်းချလိုက်မိသည်။ ဝမ်ရိပေါ်စိတ်ဆိုးသွားပြန်ပြီဆိုတာသူသိတယ်လေ။ အဲ့ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက စိတ်ကလည်းတကယ့်ကိုလက်တစ်ဆစ်နဲ့။

ရှောင်းကျန့်မယ်တော်ကြီးဆီကထွက်လာပြီးတည်းက ဝမ်ရိပေါ်နဲ့တူတူသွားရမယ်ဆိုတဲ့အကြောင်းကိုပဲစဥ်းစားလာခဲ့တာ။ အနောက်မှာဝမ်ရိပေါ်ပါလာတာကိုတောင်မသိလိုက်ဘူး။

ဒီအခြေအနေကဘာကြီးလဲ။ ဒီလိုတွေဖြစ်ပြီးခါမှ သူကဝမ်ရိပေါ်နဲ့ဘယ်လိုသွားရတော့မှာလဲ။ ဒါကကျားခံတွင်းဝမှာမတ်တပ်သွားရပ်နေသလိုပဲလေ မဟုတ်ဘူးလား။

ဒီအကြောင်းကိုရှောင်းကျန့်ကမသိချင်ယောင်ဆောင်ထားလို့ရပေမယ့် ဝမ်ရိပေါ်ကဘယ်လိုသဘောထားလဲဆိုတာသူမသိဘူး။ ဝမ်ရိပေါ်ကလည်းသူ့လိုပဲဆိုရင်ကိစ္စမရှိပေမယ့် အဲ့လိုမဟုတ်ဘဲဒီကိစ္စကိုထပ်ပြီးအကျယ်ချဲ့ချင်နေတာဆိုရင်ဘယ်လိုလုပ်မလဲ။

အခုလည်းဝမ်ရိပေါ်ကဘာလို့ရုတ်တရက်ကြီးသူနဲ့လိုက်ချင်သွားရတာလဲဆိုတာက တော်တော်စဥ်းစားစရာပဲ။ ပုံမှန်ဆိုဝမ်ရိပေါ်ကဒါမျိုးတွေဆိုစိတ်တောင်ဝင်စားတာမဟုတ်ဘူး။ တကယ်ပဲဝမ်ရိပေါ်ပြောခဲ့သလိုရိုးရိုးသားသားပဲလား။ ဒါမှမဟုတ်တစ်ခြားအကြံအစည်တစ်ခုခုရှိနေတာလား...။

ရှောင်းကျန့်လည်းစိတ်ဆိုးသွားတဲ့ဝမ်ရိပေါ်ကိုအဖက်လုပ်မနေတော့ဘဲ သူ့အိမ်သူပဲပြန်လိုက်တော့တယ်။

မရောက်ချင်ခါမှအချိန်တွေကပိုအကုန်မြန်နေတာလားမသိပေမယ့် တစ်ပတ်ဆိုတဲ့အချိန်ဟာခဏလေးနဲ့ကုန်ဆုံးသွားပြီး Luo မြို့ကိုသွားရမဲ့နေ့ကတော့ရောက်လို့လာပြီဖြစ်သည်။

My Nephew is My Husband!Where stories live. Discover now