( Part 4 )

2.7K 346 16
                                    

Unicode

''ရောက်ပါပြီ သခင်ကြီး''

ကားပေါ်ကဆင်းဆင်းချင်းတွေ့လိုက်ရတဲ့ အဆောက်အဦကြီးကြောင့် ရှောင်းကျန့်ပါးစပ်တောင်မစိနိုင်ဖြစ်သွားသည်။ တစ်သက်နဲ့တစ်ကိုယ်ဒီလိုနေရာမျိုးကို ရောက်လာမယ်လို့တစ်ခါမှမတွေးထားမိဖူးဘူး။ မတွေးဆို ရှောင်းကျန့်နေခဲ့တဲ့နေရာမှာကဒီလိုမျိုးမှမရှိတာ။

အပြင်ကကြည့်ရုံနဲ့တင် ခမ်းနားထည်ဝါနေတဲ့နန်းတော်ကြီးရဲ့ထုထည်က ရှောင်းကျန့်ရဲ့မြင်ကွင်းနဲ့တောင်မဆန့်အောင် ကျယ်ဝန်းလှသည်။ နန်းတော်အဝင်ဝကဘာမှန်းမသိတဲ့ရုပ်ထုနှစ်ခုက နန်းတော်ကိုပိုပြီးတော့တင့်တယ်နေစေသလို။ဘာရုပ်ထုမှန်းတော့ရှောင်းကျန့်လည်းမသိဘူး။ ငှက်လိုလို နဂါးလိုလိုနဲ့။

အဲ့ဒါတွေအသာထား။ အပြင်မှာတောင်ဒီလောက်ခမ်းနားနေတာ၊ အထဲမှာဆိုဘယ်လောက်တောင်မှလှလိုက်မလဲ။ရှောင်းကျန့် သူ့ရဲ့သိချင်စိတ်တွေက မြင့်တက်လာတာမို့ ခပ်သုတ်သုတ်သာအထဲဝင်သွားလိုက်သည်။

ရှောင်းကျန့်နန်းတော်လျှောက်လမ်းတစ်လျှောက် လိုက်ပတ်ကြည့်ရှူနေရင်းတွေးမိတာက သူသာဒီနန်းတော်ကြီးကိုရောင်းစားနိုင်ရင် ဘယ်လောက်တောင်ပိုက်ဆံတွေရလိုက်မလဲဆိုတာကိုပဲ။မရောင်းပဲ ပြတိုက်အနေနဲ့ပဲဖွင့်လှစ်မယ်ဆိုရင်တောင် သူ့အတွက်ရမဲ့ပိုက်ဆံတွေကနောက်ဘဝအထိတောင် သုံးလို့မကုန်နိုင်လောက်ဘူး။ဒီနန်းတော်နဲ့တင်ကို လူတွေအာဏာဘာလို့ပြိုင်လုကြသလဲ ဆိုတာကိုတောင်ရှောင်းကျန့်နားလည်လာသလိုပဲ။

ရှောင်းကျန့်လိုက်ပြီးတော့မျက်စိကစားရင်း တစ်နေရာအရောက်မှာ တွေ့လိုက်ရတာကဝမ်ရိပေါ်။ ရှောင်းကျန့်ကိုမျက်မှောင်ကြီးကုပ်ပြီးကြည့်နေတာ။ဒီတစ်ခေါက်လည်းတစ်ခုခုကိုစိတ်ဆိုးနေတာသေချာတယ်ဆိုပေမယ့် အဲ့ဒါကရှောင်းကျန့်မဖြစ်ဖို့မျှော်လင့်ရတာပဲ။

ဘယ်လိုပဲဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက်တွေ့လိုက်ရပြီးပြီမို့ မနှုတ်ဆက်ရင်တော့မကောင်း။ထို့ကြောင့် ရှောင်းကျန့်ဝမ်ရိပေါ်ရဲ့အနားကိုသွားပြီး အသေအချာလေးနှုတ်ဆက်လိုက်သည်။ ဒီနေရာမှာ ဒီnovelထဲကရှောင်းကျန့်သာဆို မသိချင်ယောင်ဆောင်သွားမှာအသေအချာဖြစ်ပေမယ့် အခုရှောင်းကျန့်ကတော့အဲ့လိုမလုပ်နိုင်ဘူး။ နဂိုတည်းက ကိုယ့်အပေါ်မကြည်ရတဲ့ကြားထဲ စိတ်ပိုခုသွားမှရှောင်းကျန့်ဘဝဒုက္ခများလှချည်ရဲ့။

My Nephew is My Husband!Where stories live. Discover now