( Part 9 )

2.5K 315 31
                                    

Unicode

Little Warning!

''အိမ်ရှေ့စံ ကိုယ်ဟိုးကထိုင်ခုံလေးမှာသွားစောင့်နေမှာမို့ အေးဆေးကြည့်ပြီးမှလာခဲ့နော်''

''ခဏ ဥယျာဥ်ကိုလျှောက်ကြည့်ချင်တယ်ဆိုပြီးပြောခဲ့တာကဦးရီးတော်မဟုတ်ဘူးလား''

''အာ ဟုတ်တော့ဟုတ်တယ်လေ ဒါပေမယ့်သိတယ်မှတ်လား ကိုယ်ကအသက်ကြီးပြီဆိုတော့ သိပ်ကြာကြာမရပ်နိုင်ဘူးလေ၊ ခြေထောက်ကဒဏ်ရာကလည်းကောင်းသေးတာမဟုတ်ဘူးဆိုတော့ခဏနားချင်လို့''

''ဒါဆို ကျွန်တော်လိုက်ခဲ့ပေးမယ်''

''မဟုတ်ဘူး ရတယ်၊ ကိုယ်ပဲခဏတဖြုတ်နားချင်တာပါ၊ အိမ်ရှေ့စံကဒီမှာပဲလျှောက်ကြည့်ပါ''

''ရတယ် ကျွန်တော်လိုက်ခဲ့မယ်၊ ခင်ဗျားခြေထောက်အခြေအနေဘယ်လိုနေလဲဆိုတာလည်းသိချင်လို့''

''မဟုတ် မဟုတ်ဘူးလေ အိမ်ရှေ့စံ၊ ကိုယ်ဘာမှမဖြစ်ဘူးလို့! ''

ရှောင်းကျန့်ဝမ်ရိပေါ်နဲ့ဇာတ်လိုက်မကိုတူတူရှိစေချင်လို့ကြံခဲ့ပေမယ့် အခုတော့ဝမ်ရိပေါ်ဆွဲခေါ်ရာနောက်တရွတ်တိုက်ပါသွားခဲ့တာသာဖြစ်သည်။ ထို့ကြောင့်မဆီမဆိုင်ဇာတ်လိုက်မကိုပါ အားနာသလိုကြည့်မိသွားသည်။

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုထိုင်ခုံပေါ်ပေးထိုင်ပြီးတာနဲ့ သူ့ခြေထောက်ကိုအတင်းဆွဲယူပြီးကြည့်နေတာကြောင့် ရှောင်းကျန့်မှာမနည်းရုန်းနေရသည်။ ဒါပေမယ့်ဝမ်ရိပေါ်ကအားကြီးလွန်းတယ်။ လက်လေးနဲ့ပဲဆွဲထားတာတောင်ရှောင်းကျန့်မှာမရုန်းနိုင်ဘူး။ ရှောင်းကျန့်များတော်တော်အသက်ကြီးသွားလို့လား။

''ဘာဒဏ်ရာမှတော့မရှိတော့ပါဘူး''

''တွေ့လား ကိုယ်ပြောသားပဲ ဘာမှမဖြစ်ပါဘူးလို့ အဲ့ဒါကြောင့်သွားချင်ရင်သွားလို့ရ..''

''ရှောင်းကျန့်!''

ရုတ်တရက်ကြီးအော်လိုက်တဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်စကားတောင်မဆုံးနိုင်ဘဲ မျက်လုံးပြူးပြီးကြည့်နေမိသည်။

''ခင်ဗျားပဲကျွန်တော့်ကိုဒီခေါ်လာပြီး ဘာလို့အခုမှအတင်းနှင်လွှတ်နေတာလဲ!''

My Nephew is My Husband!Where stories live. Discover now