( Part 6 )

2.5K 317 23
                                    

Unicode

အဲ့ဒီကိစ္စကြီးပြီးတဲ့နောက် ရှောင်းကျန့်မှာရှက်လွန်းလို့ အိမ်ထဲကအိမ်ပြင်တောင်မထွက်နိုင်ဘူး။ သူ့ရဲ့ခြေထောက်ကအဆစ်လည်သွားတာကြောင့် အိမ်မှာပဲရက်ရှည်ကုသနေရတာလည်းပါတာပေါ့။

အဲ့ဒီအဖြစ်အပျက်ကလည်းရှောင်းကျန့်ထင်ထားသလောက် မကြီးသွားခဲ့ဘူး။ မဟုတ်ဘူး၊ သတင်းအစအနလေးတောင်ထွက်မလာခဲ့တာ။ ပြောရမယ်ဆိုရင်ဘာတစ်ခုမှဖြစ်မသွားခဲ့သလိုပဲ။

အင်းပေါ့လေ၊ သူတို့ကဘယ်သူမို့လို့လဲ။ ဒီလိုသတင်းလောက်ကိုတော့အသာလေးဖုံးနိုင်ကြမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းကျန့်အတွက်ကတော့အတော်ကိုစိတ်သက်ရာရသွားတယ်။ သူ့ပုံစံကတကယ်ပဲရှက်စရာကောင်းလွန်းလို့ ပြန်တောင်မတွေးချင်တဲ့အထိပဲ။

ဒီလိုပုံစံအရဆို ဝမ်ရိပေါ်လည်းရှောင်းကျန့်အပေါ် အရင်ကထက်တောင်ပိုပြီးမကြည်မလင်ဖြစ်လာတော့မှာ အသေအချာပဲ။ ရှောင်းကျန့်ဘဝကလည်း ထိုင်နေတာအကောင်း ထသွားမှကျိုး ဆိုသလိုကိုဖြစ်နေပြီ။

ထို့ကြောင့်ရှေ့ဆက်ပြီးဘယ်လိုဆက်လုပ်ရမလဲ တွေးနေတုန်းမှာပဲ ပိုင်ချောင်ကရောက်လာပြီး

''သခင်ကြီး အိမ်ရှေ့စံရောက်နေပါတယ်''

''အိမ်ရှေ့စံ? အိမ်ရှေ့စံကဘာလို့လဲ''

''အဲ့ဒါတော့ ကျွန်တော်လည်းမသိပါဘူး၊ သခင်ကြီးကိုသတင်းလာမေးတာဖြစ်ပါလိမ့်မယ်''

ရှောင်းကျန့်အောက်ထပ်ကိုဆင်းသွားတော့ ဝမ်ရိပေါ်ကအခန့်သားထိုင်စောင့်နေတယ်။ ဘေးမှာလည်းသူ့ကိုယ်ရံတော်နဲ့။ ရှောင်းကျန့်မျက်ခုံးပင့်မိသွားတယ်။ ဝမ်ရိပေါ်ကိုသူ့ရဲ့ကိုယ်ရံတော်ကိုပါဒီအိမ်တော်ထဲခေါ်လာလို့ရတယ်လို့ ရှောင်းကျန့်မပြောမိဘူးလားလို့။ ဒါပေမယ့်ဒီကိစ္စကိုပါထပ်ပြီးအချင်းများလို့မဖြစ်တာကြောင့် ရှောင်းကျန့်ကျော်သွားဖို့ပဲစဥ်းစားလိုက်တယ်။

တွေးကြည့်မယ်ဆိုရင်ဇာတ်ကြောင်းအရ မွေးနေ့ပွဲပြီးတဲ့နောက်မှာ ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့အိမ်တော်ကိုတစ်ခါမှမလာတော့ဘူးလေ။ ဗီလိန်ရှောင်းကျန့်ကသာဇာတ်လိုက်မကိုတွေ့ချင်လွန်းလို့ နန်းတော်ကိုတစ်ခေါက်ပြီးတစ်ခေါက်အသွားအလာလုပ်နေတာ။

My Nephew is My Husband!Where stories live. Discover now