( Part 20 )

2K 232 21
                                    

Unicode


''သခင်ကြီး ခရီးလမ်းချောမွေ့ခဲ့ပါရဲ့လား''

''ပိုင်ချောင်? မင်းပြန်ရောက်နေပြီလား''

''ဟုတ်ကဲ့ သခင်ကြီး''

''ဘယ်လိုလဲ မွေးရပ်မြေပြန်တာအဆင်ပြေခဲ့ရဲ့လား''

''ဟုတ်ကဲ့ ပြေပါတယ် သခင်ကြီးရော အိမ်ရှေ့စံနဲ့အဆင်ပြေကြပါရဲ့လား တစ်ခုခုဖြစ်ကြသေးလား?''

ပိုင်ချောင်ရဲ့အမေးစကားကြောင့် ဝမ်ရိပေါ်နဲ့သူနဲ့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကရှောင်းကျန့်ခေါင်းထဲ ရုပ်ရှင်တစ်ကားဖွင့်ချပြလိုက်သလိုကိုတန်းစီပေါ်လာတော့သည်။

''ဘာဖြစ်ရမှာလဲ! ဘာမှမဖြစ်ဘူး ဘာတွေလာမေးနေတာလဲ! ကျွန်တော်ပင်ပန်းနေပြီ သွားနားတော့မယ်''

ပိုင်ချောင်သူဘာရယ်မဟုတ်​မေးလိုက်တဲ့မေးခွန်းကို မျက်နှာတွေနီရဲလာပြီးတောင်စဥ်မရေမရာတွေဖြေသွားတဲ့သခင်ကြီးကြောင့် ကြောင်အသွားသည်။ ဒီအပျိုဖြန်းလေးလိုဖြစ်သွားတဲ့ပုံစံကဘာကြီးလဲ။ သူမေးလိုက်တာတစ်ခုခုမှားသွားတာလား။ တကယ်ပဲအိမ်ရှေ့စံနဲ့တစ်ခုခုဖြစ်ခဲ့တာလား။ ဒီနှစ်ယောက်အဆင်ပြေမယ်လို့တော့သူမမျှော်လင့်ထားပေမယ့် သခင်ကြီးရဲ့တုံ့ပြန်ပုံအရဆို မူမမှန်တာတစ်ခုခုဖြစ်ခဲ့တယ်ဆိုတာပိုင်ချောင်အနံ့ရနေတယ်။

ရှောင်းကျန့်အခုထိတောင်သူ့ခေါင်းတွေပူနေတုန်းပဲ။ သူမတွေးချင်တာတောင် ဝမ်ရိပေါ်နဲ့အဖြစ်အပျက်တွေကတောက်လျှောက်မျက်စိထဲပေါ်လာနေတာ မျက်နှာတွေလည်းပူလွန်းလို့ပေါက်ထွက်တော့မလားတောင်ထင်ရတယ်။ ပြီးတော့ပိုင်ချောင်ကရော ဘာလို့အဲ့လိုမေးတာလဲ။ သူနဲ့ဝမ်ရိပေါ်ကိစ္စတွေကိုသိသွားတာများလား။ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကဝမ်ရိပေါ်သာအာ​မချောင်ရင်ဘယ်သူမှသိစရာအကြောင်းမရှိဘူး။

'ဟုတ်တယ် ရှောင်းကျန့် မင်းစိတ်အေးအေးထား ဘယ်သူမှမသိဘူး'

ရှောင်းကျန့်အတတ်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ်။ ပြီးတော့ဝမ်ရိပေါ်ကိုကျိန်ဆဲလိုက်တယ်။ အဲ့ဒီလူလိုနားမလည်တဲ့ကောင်လေးကြောင့်သာမဟုတ်ရင် သူဒီလိုတွေခံစားနေရမှာမဟုတ်ဘူးလေ...။

My Nephew is My Husband!Where stories live. Discover now