( Part 5)

2.6K 325 31
                                    

Unicode

''အဟမ်း. . . ရှောင်းကျန့် ခင်ဗျားသွားလို့ရပြီ လိုအပ်တာလည်းသိပ်မရှိတော့ဘူးဆိုတော့ ကျွန်တော်ကိုယ့်ဘာသာကြည့်လုပ်လိုက်ပါ့မယ်''

''ကောင်းပါပြီ အိမ်ရှေ့စံ''

ထိုစကားတစ်ခွန်းတည်းပြောပြီး လှည့်ထွက်သွားတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်သိပ်တော့အလိုမကျချင်။ ဒီရှောင်းကျန့်ကဘာတုန်း စိတ်ဆိုးရင်လည်းဆိုးကြောင်းပေါ်တင်ပြောပေါ့။ အခုဟာက သူ့အရွယ်ကြီးနဲ့ဆက်ကျော်သက်ကောင်မလေးတွေလိုလုပ်နေတယ်။ပြန်တာတောင် ရိပေါ်ကိုနှုတ်မဆက်သွားဘူး။

ရှောင်းကျန့်ကိုပြန်ခိုင်းလိုက်ပြီးတဲ့တစ်လျှောက်လုံး ဝမ်ရိပေါ်ရဲ့စိတ်ထဲမှာမတင်မကျဖြစ်နေတာတော့အမှန်ပဲ။သူအော်လိုက်တာများ လွန်သွားလား။ ရှောင်းကျန့်ကသူ့ကိုတကယ်ပဲစိတ်ဆိုးသွားပြီလား။ ဒါမှမဟုတ် စိတ်ကောက်သွားတာလား။ ဘာမှန်းကိုဝေခွဲမရတော့ဘူး။

ဒါပေမယ့်ရှောင်းကျန့်ကအသက်ပဲဒီလောက်ကြီးနေပြီ။ စိတ်ကောက်တယ်ဆိုတာတော့ဖြစ်နိုင်ပါ့မလား။တကယ်ပဲ စိတ်ကောက်သွားရင်ရော?

နေပါဦး။ ရှောင်းကျန့်စိတ်ကောက်ကောက်မကောက်ကောက် သူနဲ့ဘာဆိုင်လို့လဲ။

ဝမ်ရိပေါ်ရေ. . . မင်းတော့ဘာတွေဖြစ်နေတာလဲကွာ။

ဒီနေ့တစ်နေကုန်ဝမ်ရိပေါ်ရဲ့စိတ်တွေက ဂယောက်ဂယက်ဖြစ်နေတာဖြစ်တယ်။ လူကလည်းဟိုဘက်ပဲသွားရမလို ဒီဘက်ပဲသွားရမလိုဂနာမငြိမ်ဖြစ်နေတာ နန်းတော်ထဲကလူတွေတောင်အိမ်ရှေ့စံကိုမျက်စိနောက်နေကြလောက်ပြီ။

ဝမ်ရိပေါ်ကိုယ်တိုင်လည်းသူ့ကိုယ်သူဘာဖြစ်နေမှန်းမသိဘူး။ ရှောင်းကျန့်ကိုလိုက်ချော့သင့်တယ်လို့ထင်နေပေမယ့် ဘာအကြောင်းကြောင့်ချော့ရမှာလဲဆိုတာကိုသူမသိဘူး။ ပြီးတော့ရှောင်းကျန့်နှုတ်ခမ်းဆူသွားတာနဲ့ ဒီလောက်ဂနာမငြိမ်ဖြစ်နေတဲ့ သူ့ကိုယ်သူလည်းနားမလည်နိုင်ဘူး။ဒါကြောင့် အခုနေဝမ်ရိပေါ်ရဲ့ပုံစံက သောင်ပြင်မှာလူးလွန့်နေတဲ့ငါးလိုဖြစ်နေတာဖြစ်တယ်။

My Nephew is My Husband!Where stories live. Discover now