( Part 21 )

3.4K 265 32
                                    

Unicode



''အိမ်ရှေ့စံကကျန့်ကျန့်ဆီမှာညအိပ်မယ်ပေါ့လေ!''

''ဟုတ်ပါတယ် မယ်တော်ကြီး''

''ဘယ်လိုဖြစ်တာလဲ''

''အဲ့ဒါတော့ကျွန်တော်လည်းသေချာမသိပါဘူး ဒါပေမယ့် ကျွန်တော်သတိထားမိသလောက်အိမ်ရှေ့စံနဲ့ဦးရီးတော်ကဒီတစ်လောအရင်တုန်းကထက်ပိုပြီးအနေနီးလာပါတယ် ရန်စောင်နေတာတွေလည်းသိသိသာသာလျော့နည်းသွားပါတယ်''

''တကယ်ပဲလား မင်းပြောတဲ့အတိုင်းဆိုဒီတစ်ခေါက်ခရီးမှာသူတို့နှစ်ယောက်ကိုတစ်ခန်းတည်းထားလိုက်တဲ့ငါ့အစီအစဥ်ကတော်တော်အလုပ်ဖြစ်သွားတယ်ထင်တယ်''

''ဟုတ်လောက်ပါတယ် မယ်တော်ကြီးဝမ်းသာလို့ရပါပြီ''

''ဒါပေါ့ ဝမ်းသာစရာကိစ္စပဲလေ ဒီနှစ်တွေအတွင်းမှာဒီနှစ်ယောက်မတည့်တဲ့ကိစ္စကငါ့ကို​တော်တော်ခေါင်းကိုက်စေခဲ့တာ၊ အခုတော့အေးအေးချမ်းချမ်းနေရမဲ့နေ့ရက်တွေရောက်လာတော့မယ်ထင်ပါရဲ့၊ ဒါပေမယ့်မင်းလည်းမပေါ့နဲ့ဦး သူတို့နှစ်ယောက်ကိုအရင်ကထက်ပိုပြီးထပ်ကြပ်မကွာစောင့်ကြည့်ထား တစ်ခုခုထူးတာရှိတာနဲ့ငါ့ကိုချက်ချင်းလာပြော''

''ဟုတ်ကဲ့ပါ မယ်တော်ကြီး''

စိတ်ခုနေတဲ့ကိစ္စကျေအေးခါနီးပြီးမို့ မယ်တော်ကြီးတစ်ယောက်ကတော့​ပျော်ရွှင်နေလေရဲ့။ ဒါပေမယ့်အိမ်ရှေ့စံနဲ့သူ့ဦးလေးရဲ့လတ်တလောဆက်ဆံရေးအစစ်အမှန်ကိုသိသွားတဲ့အခါသူမအခုလိုပြုံးနိုင်ဦးမလားဆိုတာကတော့စိတ်ဝင်စားစရာပါဘဲ. . .။

''အိမ်ရှေ့စံ ဦးရီးတော်ရှောင်းဆီမှာအိပ်မယ််ဆို ဘာလိုကြောင့်များပြန်လာတာလဲ''

ရှောက်မေလိဒေါသတကြီးနဲ့ပြန်ရောက်လာတဲ့အိမ်ရှေ့စံ​ရဲ့ပုံစံကြောင့် စိုးရိမ်ကာမေးလိုက်မိသည်။ သို့သော်လည်းထုံးစံအတိုင်းပင် သူမချစ်ရတဲ့အိမ်ရှေ့စံကသူမကိုဆိုရှိတယ်လို့ကိုမထင်။ မေလိရဲ့စကားကိုလှည့်ဖြေဖို့နေနေသာသာ သူမဘက်ကိုတစ်ချက်တောင်မလှည့်ကြည့်ဘဲခြေလှမ်းကျဲကြီးများဖြင့်သူ့အခန်းရှိသာကိုသာသွားနှင့်ပြီဖြစ်သည်။

My Nephew is My Husband!Where stories live. Discover now