( Part 10 )

2.5K 268 28
                                    

Unicode

ရှောင်းကျန့်နန်းတော်ကိုရောက်တာနဲ့ အရင်ဆုံးဇာတ်လိုက်မကိုရှာပြီး စကားပြောဖို့လုပ်လိုက်တယ်။ အခုကဝမ်ရိပေါ်ထွက်လာမဲ့အချိန်နဲ့ဆို ကွက်တိပဲ။

ထို့ကြောင့် တစ်ခြားဝန်ထမ်းတွေနဲ့အတူအလုပ်လုပ်နေတဲ့ဇာတ်လိုက်မဆီကိုသွားလိုက်တယ်။ အလုပ်လုပ်တယ်သာပြောတယ်။ ဇာတ်လိုက်မကြည့်ရတာ ဘာတစ်ခုမှလည်းဖြစ်ဖြစ်မြောက်မြောက်လုပ်တတ်ပုံမပေါ်ဘူး။ ရှောင်းကျန့်ကြည့်လိုက်တိုင်း ယောင်ပေပေနဲ့ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ပဲလုပ်နေတာ။

အဲ့ဒါလည်းရှောင်းကျန့်အလုပ်တော့မဟုတ်ပါဘူး။ ဒါကြာင့်သူ့အလုပ်သူပဲဖြစ်မြောက်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။

ရှောင်းကျန့်တွေးလို့မှမဆုံးသေး။ ဇာတ်လိုက်မက နန်းတော်ကအဖိုးတန်ကြွေပန်းအိုးကြီးတစ်ခုကျကွဲအောင်လုပ်လိုက်ပြန်ပြီဖြစ်သည်။ ထိုအဖြစ်အပျက်ကြောင့်ရှောင်းကျန့်ပြုံးလိုက်မိသည်။ သူစကားသွားပြောဖို့အကြောင်းအရာရပြီလေ။

ထို့ကြောင့်အဆူခံရလို့ ငိုမဲ့မဲ့နဲ့အကွဲအစတွေကောက်နေတဲ့ဇာတ်လိုက်မအနားသွားပြီး

''အဲ့လိုကောက်နေရင် မင်းလက်တွေရှကုန်မှာပေါ့ အရူးမလေးရဲ့''

ရှောင်းကျန့်သူကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေထဲကအကွက်တွေထုတ်သုံးလိုက်တယ်။

''ဦး...ဦးရီးတော်! ဦးရီးတော်ကိုအရိုအသေပေးပါတယ်''

''မလိုပါဘူး ထပါ၊ ကိုယ်တစ်ခြားသူတွေကိုလုပ်ခိုင်းလိုက်မယ်''

''ဒါကျွန်မအမှားကြောင့်ဖြစ်တာပါ၊ ဦးရီးတော်ဒီလိုလုပ်ဖို့မလိုပါဘူး''

''ကောင်းပြီ၊ ဒါဆိုလည်းကိုယ်ပါဝိုင်းကောက်ပေးမယ်''

ရှောင်းကျန့်ဇာတ်လိုက်မရဲ့အံ့ဩနေတဲ့ရုပ်ကိုကြည့်ပြီး သူ့လုပ်ရပ်ကိုသူကျေနပ်နေလေတယ်။ ဒီလုပ်ရပ်က ရှောင်းကျန့်နဲ့ဇာတ်လိုက်မနဲ့ရင်းနှီးလာဖို့အလွယ်ဆုံးဖြစ်ပြီး ဇာတ်လိုက်ရဲ့ခံစားချက်အစစ်အမှန်တွေပေါ်လာဖို့အမြန်ဆုံးလည်းဖြစ်တယ်။

My Nephew is My Husband!Where stories live. Discover now