( Part 8 )

2.3K 288 36
                                    

Unicode


ရှောင်းကျန့်တစ်ယောက် သူ့ရဲ့မဟာလုပ်ငန်းကြီးကိုစဖို့ နန်းတော်ကိုမသွားချင်လည်းသွားရတော့မယ်။ သူအေးချမ်းစွာနေထိုင်နိုင်ဖို့ ဒီလောက်တော့ရင်းရမှာပေါ့လေ။ ဒါပေမယ့်နန်းတော်ကိုဒီတိုင်းတော့သွားလို့မဖြစ်။ ပလန်လေးဘာလေးတော့ကြိုဆွဲထားသင့်တယ်။

ဇာတ်ကြောင်းအရ ဒီအချိန်ဆိုဇာတ်လိုက်မကနန်းတော်က ဥယျာဥ်တော်ထဲမှာအလုပ်လုပ်နေလိမ့်မယ်။ အဲ့ဒီတော့ရှောင်းကျန့်ကဇာတ်လိုက်နဲ့ဇာတ်လိုက်မ ဆုံအောင်လို့ ဝမ်ရိပေါ်ကိုဥယျာဥ်ထဲခေါ်သွားလိုက်ရုံပဲ။ ပြီးရင်သူတို့နှစ်ယောက်နီးစပ်အောင်လို့ နည်းနည်းပါးပါးလမ်းဖောက်ပေးရမှာပေါ့။ သူ့မှာလည်းဗီလိန်ဘဝကနေ အခုမှအောင်သွယ်တော်ဘဝကူးပြောင်း​နေရပြီ။

ရှောင်းကျန့်သူ့ဟာသူ ပလန်တွေအပြည့်ချထားလိုက်ပြီး နန်းတော်ကိုထွက်လာခဲ့လိုက်တယ်။ နန်းတော်ရောက်တော့အိမ်ရှေ့စံကိုအရင်ဆုံးရှာပေမယ့် သူ့ကိုမယ်တော်ကြီးကတွေ့သွားခဲ့တယ်။

''ကျန့်ကျန့် မင်းမလာတာကြာပြီကွယ်၊ ခြေထောက်ရောသက်သာရဲ့လား''

''ဟုတ်ကဲ့ အခုအကုန်ကောင်းသွားပါပြီ''

''တော်သေးတာပေါ့''

''မယ်တော်ကြီး အိမ်ရှေ့စံဘယ်မှာရှိလဲသိလား''

''ဟင်...သူ့အခန်းထဲမှာရှိမှာပေါ့''

''အာ. . .ဟုတ်လား ကျေးဇူးတင်ပါတယ် ဒါဆို နှုတ်ဆက်ပါတယ်မယ်တော်ကြီး''

သူ့ကိုနှုတ်ဆက်ပြီးထွက်သွားတဲ့ရှောင်းကျန့်ကို ယွဲ့ရှယီလိုက်ကြည့်ရင်း မျက်လုံးပြူးနေတော့သည်။

'အိမ်ရှေ့စံတောင်သူ့ဦးရီးတော်နဲ့အဆင်ပြေနေပြီပဲ'

ရှောင်းကျန့်ဝမ်ရိပေါ်ရဲ့အခန်းရှေ့မှာရပ်ပြီး တံခါးခေါက်ရမလား မခေါက်ရမလား တွေဝေနေမိသည်။ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်နဲ့ဆိုတာတည့်တာလည်း မဟုတ်ဘူး။ အခုလိုရုတ်တရက်ကြီးဝမ်ရိပေါ်ဆီလာတာကကောင်းပါ့မလား။ ဝမ်ရိပေါ်ကတစ်ခုခုထင်ပြီးရန်ငြိုးတွေပိုဖွဲ့နေမှဒုက္ခ။ ဒါပေမယ့်သူကရောလာချင်လို့လာတာမှမဟုတ်တာ။ ကိစ္စရှိလို့လာတာလေ။ တကယ်ပါပဲ စိတ်ညစ်လိုက်တာ။

My Nephew is My Husband!Where stories live. Discover now