Part-1 Uni/Zawgyi

39.9K 370 7
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-1

"ဆူးသက်ခင်"

ဆူးအိမ်ထဲဝင်ဝင်လာခြင်းနာမည်အပြည့်အစုံခေါ်လိုက်တဲ့ ဇိုင်းရဲ့အသံကဧည့်ခန်းတစ်ခုလုံးတွင်ဟိန်း၍ထွက်လာလေသည်။သူ့အသံကြောင့်ဆူးရဲ့ခြေလှမ်းတွေရပ်တန့်သွားပြီးဘာလည်းဆိုတဲ့အကြည့်နဲ့sofaမှာခြေ ချိတ်ထိုင်နေသည့်ဇိုင်းကိုကြည့်လိုက်လေသည်။

"မင်းကိုငါပြောစရာရှိတယ် ဒီမှာလာထိုင်"

မျက်စပြစ်ပြကာသူ့ရဲ့ရှေ့မှာလာထိုင်ဖို့အမိန့်ပေးတော့ဆူးကသက်ပြင်းတစ်ချက်ချကာဘာစကားမှအပိုမပြောချင်တာနဲ့သူရှေ့ကခုံမှာဝင်ထိုင်လိုက်လေသည်။

"ဘာလည်း"

"မင်းငါနဲ့dinnerတစ်ခုလိုက်ခဲ့ရမယ်"

"အဟက် ဘာလည်းရှင်နဲ့ပွဲအတူတက်ဖို့ကျမကအဲ့လောက်ထိအရေးပါသွားပြီပေါ့"

"မင်းငါ့ကိုမခနဲ့ နဲ့ဆူးသက်ခင်"

ဇိုင်းကအံကိုတင်းတင်းကျိတ်ကာစူးရဲသောမျက်လုံးတွေနဲ့ဆိုလာတော့ဆူးခနဲ့ပြုံးပြုံးလိုက်လေသည်။

"ကျမပြောလိုက်တာ ဘယ်နေရာများအမှားပါသွားခဲ့လို့လဲ"

"ထားပါမင်းနဲ့ငါရန်မဖြစ်ချင်ဘူး.....ရန်ဖြစ်ဖို့လည်းဆန္ဒမရှိဘူး....ငါနဲ့dinnerလိုက်ခဲ့ရမယ်.....မင်းကိုသိပ်ခေါ်ချင်လွန်းလို့တော့မထင်လိုက်နဲ့နော်.....အခုခေါ်တာငယ်သူငယ်ချင်းတွေဆုံမယ့်ပွဲကြောင့်မင်းကိုခေါ်တာ"

သူကပြောဆိုပြီးထွက်သွားခဲ့ပေမယ့်သူ့ရဲ့စကားကြောင့်ဆူးမှာရင်ထဲအောင့်သက်သွားရလေသည်....ဆူးကသူ့အတွက်တကယ်အရေးမပါတော့တာပဲ...ဟင့်...မျက်နှာထက်မဲ့ပြုံးကိုဖန်တီးလိုက်ပြီးအတက်နိုင်ဆုံးဝမ်းနည်းစိတ်ကိုထိန်းလိုက်ရလေသည်။
_
_
_
_
_
ငယ်သူငယ်ချင်းတွေပွဲဆိုတော့လည်းမလိုက်မဖြစ်ပါလာရလေပြီ။မလိုက်ရင်လည်းသူနဲ့ပြဿနာကမပြီးနိုင်မစီးနိုင်တက်ကြပေအုံးမည်။သူ့လက်ကိုချိတ်လိုက်ပြီးအလှပဆုံးပြုံးကာထိုပွဲအတွင်းသို့ဝင်လာခဲ့လေသည်။

"ဟိုမှာဟေ့ မင်းသားနဲ့မင်းသမီးလာပြီ"

အစအနောက်သိပ်သန်တဲ့ ခန့်ဇင်ဟိန်းကလှမ်းအော်လိုက်တော့အကုန်လုံးကဆူးတို့ဆီသို့အကြည့်တွေရောက်လာကြလေသည်။ဆူးရဲ့ခန္ဓာထက်မှာလှပစွာနေရာယူနေတဲ့ဆင်ဆွယ်ရောင်ဂါဝန်ကခြေမျက်စိထိရှည်သော်လည်းလမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ပေါင်တံဖွေးဖွေးတွေကထင်းစွာပေါ်လာလေသည်။စစ်ခွန်ဇိုင်းကတော့အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့သိပ်ကိုစမတ်ကြလွန်းလေသည်။နေနဲ့လရွှေနဲ့မြလို့နာမည်ကြီးခဲ့တဲ့သူတို့နှစ်ယောက်ကအခုချိန်မှာတော့မပွင့်လင်းမှုတွေကြားမှာပိတ်မိနေပြီးရန်သူတွေလိုဖြစ်နေကြလေပြီ။

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now