🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀
Part-17
လွန်ခဲ့သောတစ်နှစ်ခန့်က.....
"ဒေါက် ဒေါက် ဒေါက်"
"ဝင်ခဲ့"
"Bossအပြင်မှာကောင်မလေးတစ်ယောက်ကbossနဲ့တွေ့ချင်လို့ပါတဲ့"
ဦးခွန်ဝဏ္ဏရဲ့အတွင်းရေးမှူးဖြစ်သည့်မအေးမြင့်မူကလာပြောသည်ကြောင့်ဦးခွန်ဝဏ္ဏအနည်းငယ်စဉ်းစားဟန်ရှိကာ အတန်ကြာမှခေါင်းညိမ့်ပြလိုက်ပြီး
"ဝင်လာခိုင်းလိုက်"
"ဟုတ်ကဲ့boss"
ထိုကောင်မလေးဝင်လာတော့ဦးခွန်ဝဏ္ဏတစ်ချက်မှင်သေသေဖြစ်သွားရလေသည်။ထိုကောင်မလေးကအလွန်ဆုံးရှိမှအသက်ဆယ့်ကိုးနှစ်ဆယ်လောက်သာရှိအုံးမည်။ရင်စေ့အင်္ကျီအဖြူရောင်နွမ်းနွမ်းလေးကိုချည်ထဘီအနက်ရောင်လေးနဲ့တွဲဝတ်ထားလေသည်။
"ထိုင်ကလေးမ ဒါနဲ့သမီးကဦးနဲ့တွေ့ချင်တာဘာကိစ္စလည်း"
ဦးခွန်ဝဏ္ဏကsofaကိုညွှန်ပြကာထိုင်ခိုင်းတော့ထိုကောင်မလေးကထိုထိုင်ခုံမှာဝင်ထိုင်လိုက်ပြီးသူမပါလာသည့်ပိုက်ဆံအိပ်အသေးလေးထဲကနေတစ်ခုခုကိုထုတ်လိုက်ကာဦးခွန်ဝဏ္ဏရှေ့ချပေးလိုက်တော့ဦးခွန်၀ဏ္ဏအတော်လေးထိန့်လန့်သွားလေသည်။
"ဒီ ဒီပစ္စည်းက"
"မေမေက အန်ကယ်ကိုပြလိုက်ရင်သမီးအလုပ်ရနိုင်မယ်ဆိုလို့ပါ"
သူမပြသည့်ပစ္စည်းလေးကလက်စွပ်လေးတစ်ကွင်းဖြစ်လေသည်။ရွှေဖြူကွင်းလေးပေါ်မှာစိန်ပွင့်လေးကတစ်လက်လက်တောက်ပနေပြီးအရမ်းကြီးဈေးကြီးတန်ထဲကမဟုတ်သလိုတော်ရုံလည်းဈေးမနိမ့်သည့်အမျိုးအစားထဲမှာပါလေသည်။
"ဒါ ဒါဆိုသမီးက..."
"ဒေါ်မေနွယ်ရဲ့သမီးပါ အန်ကယ် ကဗျာနွယ်လို့ခေါ်ပါတယ်"
"ဘယ်လို မေနွယ်ရဲ့သမီးဟုတ်လား"
ရုတ်တစ်ရက်ကြီးပြောချလိုက်သည့်စကားကဦးခွန်ဝဏ္ဏရဲ့ခေါင်းကိုမိုးကြိုးတစ်စင်းပြစ်ချသလိုဖြစ်သွားကာသိချင်သည့်စိတ်ကသာစိုးမိုးနေလေသည်။
YOU ARE READING
ဓားသွားပေါ်ကအချစ်တိုက်ပွဲ