Part-8 Uni/Zawgyi

9K 176 13
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-8

"ဟင့်အင် ကြီးစိန် ဆူးဆန်ပြုတ်တွေမစားချင်ဘူး"

"စားလိုက်ပါကွယ် ဒါမှအားရှိမှာပေါ့ ဆူးလေးရဲ့"

"ဟင့်အင် ဆူးမှဒါတွေမကြိုက်တာ"

"မကြိုက်လို့မရဘူးဆူးသက်ခင် နည်းနည်းတော့ဝင်အောင်စားလိုက်"

ကြီးစိန်ကဆူးကိုချော့တိုက်နေတာမရတာကြောင့်ဇိုင်းကပဲဝင်ပြောလိုက်လေသည်။

"အဲ့ဒါရှင့်ကြောင့် သိလား ရှင့်ကြောင့် အဟီးးလူယုတ်မာကြီးရဲ့"

ဇိုင်းပြောလိုက်တာနဲ့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျဆင်းလာကာသူ့ကိုလည်းဆဲဆိုရင်းငိုလေတော့သည်။

"ကြီးစိန် လုပ်စရာရှိတာလုပ်လိုက်ကျတော်‌ပဲကျွေးလိုက်မယ်"

ကြီးစိန်လည်းလင်မယားကြားဝင်ပါတာမကောင်းတာကြောင့်ခေါင်းညိမ့်ပြရင်းသာအခန်းထဲကထွက်လာလေတော့သည်။

"အသက် မင်းနည်းနည်းတော့စားလိုက်ကွာ"

ခုံပေါ်မှာကြီးစိန်တင်ခဲ့သည့်ဆန်ပြုတ်ပန်းကန်လုံးကိုဆွဲယူလိုက်ပြီးခုတင်ပေါ်ထိုင်လိုက်ကာထပ်မံပြောလေသည်။

"ရှင် ကြောင့်သိလား ရှင့်ကြောင့် အခုလိုကျမနေမကောင်းဖြစ်ရတာ"

"မင်းကကော ကိုယ့်စကားနားထောင်လို့လား"

"ရှင်ကကောအဲ့လောက်ထိလုပ်စရာလိုလို့လားစစ်ခွန်ဇိုင်းလူယုတ်မာကောင်"

"ကဲ မင်းကိုယ့်ကိုဆဲပဲဆဲဆဲရိုက်ပဲရိုက်ရိုက်သေအောင်ပဲသတ်ပြစ်ချင်သတ်ပြစ် ဒီဆန်ပြုတ်လေးစားပြီးမှလုပ်ဟုတ်ပြီလား"

"ဒီဆန်ပြုတ်ကုန်ရင်မင်းကိုယ့်ကိုကြိုက်သလိုလုပ်ကွာ ကိုယ်ခံမယ် ရပြီလား အခုတော့ဒါလေးနည်းနည်းစားလိုက်"

ဆန်ပြုတ်ကိုတစ်ဇွန်းခတ်လိုက်ပြီးတဖူးဖူးမှုတ်ကာဆူးရဲ့ပါးစပ်နားအထိထိုးပေးလိုက်တော့ဆူးကပါးစပ် ဟမလာပဲသူ့ကိုပြူးပြီးကြည့်နေလေသည်။

"အသက် လိမ္မာစမ်းပါကွာ စားလိုက်"

ဆူးရဲ့ဖြူဆုတ်ဆုတ်ဖြစ်နေတဲ့မျက်နှာကလေးကအင်းမလုပ်အဲမလုပ်နဲ့ဇိုင်းကိုသာအံ့ဩသလိုကြည့်နေလေသည်။

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now