🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀
Part-13
"မာမီ ဘယ်လိုနေသေးလည်းဟင်"
ဆေးရုံထဲကVIPခန်းထဲတွင်ကုတင်ပေါ်မှာလှဲလျောင်းနေသည့်ယောက္ခမဖြစ်သူဒေါ်မြသူဇာအားဆူးမှစိုးရိမ်တကြီးမေးလိုက်လေသည်။
"မာမီသက်သာပါတယ်သမီးရဲ့ မာမီ့ကြောင့်သမီးတို့လည်းဒုက္ခရောက်ကုန်ရောပေါ့"
"ဟင့်အင်"
"အင်း"
"ကိုစစ်ခွန်ဇိုင်း"
ဆူးကဟင့်အင်လို့ဖြေပေမယ့်ဇိုင်းကတော့အင်းလို့ဖြေလိုက်တာကြောင့်ဆူးကအသံကိုမြင့်ကာယောက်ျားဖြစ်သူရဲ့နာမည်ကိုစောင့်ခေါ်လိုက်လေသည်။
"ဘာလည်းလို့ အသက်ရဲ့"
ပြန်ဖြေတဲ့ပုံကမသက်မသာနဲ့မလို့ဆူးကတော့ယောက်ျားဖြစ်သူနဲ့ယောက္ခမကြားဗြာများရတော့သည်။
"ရှင်ဘယ်လိုဖြစ်နေတာလည်း ကောင်းကောင်းမွန်မွန်မဖြေတက်ဘူးလား"
ဇိုင်းကဖခင်ဖြစ်သူနဲ့သာအဆင်ပြေပြေရှိပေမယ့်မိခင်ဖြစ်သူဒေါ်မြသူဇာနဲ့ကတော့အမြဲတမ်းရန်ဖြစ်တက်လေသည်။ဒေါ်မြသူဇာကသိပ်ကိုမောက်မာလေတော့ဇိုင်းနဲ့ကဘယ်တော့မှအဆင်မပြေခဲ့ပေ။သားဖြစ်သူကိုဘယ်မိန်းမနဲ့မှမတန်ဘူးလို့ပြောခဲ့ပေမယ့်ဆူးသက်ခင်နဲ့ကြမှသမီး သမီးနဲ့ဖြစ်သွားတာကိုပဲဇိုင်းဝမ်းသာရပါသည်။ဒါတွေကိုသိသည့်ဆူးကသာကြားထဲကနေဖြောင့်ဖြခဲ့ရတာကအမြဲပေ။
"ကိုယ်ဘယ်လိုဖြေနေလို့လည်း"
"ရှင်နဲ့ကျမပြီးမှရှင်းမယ်"
ဇိုင်းကနှုတ်ခမ်းကိုမဲ့ကာပုခုံးတွန့်ပြလေတော့ဆူးကမျက်စောင်းထိုးပြစ်လိုက်လေသည်။
"မာမီ ဒီမှာ ဆန်ပြုတ်လေးနည်းနည်းစားလိုက်နော် အာ့မှအားရှိမှာ"
"မာမီမစားချင်ပါဘူးသမီးရယ်"
"မစားလို့ရမလား မစားပဲနေရင်ပိုဆိုးလိမ့်မယ်"
"ကိုစစ်ခွန်ဇိုင်း သွားရှင်အပြင်ထွက်လိုက်တော့သွား ဒီမှာဆက်နေနေရင်ရှင့်ကိုကျမတစ်ခုခုလုပ်မိတော့မယ်"
YOU ARE READING
ဓားသွားပေါ်ကအချစ်တိုက်ပွဲ