Part-16 Uni/Zawgyi

7K 159 6
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-16

ဒီနေ့ဟာဆိုရင်ဖြင့်ချစ်အသက်နဲ့သူ့ရဲ့အိမ်ထောင်သက်လေးနှစ်အတိပြည့်ခဲ့ပြီလေ။ဒီလိုValentine dayနေ့မှာပဲသူမရဲ့အဖြေကိုရခဲ့သလိုဒီလိုနေ့မှာပဲသူမနဲ့မင်္ဂလာရှိတဲ့နေ့တစ်နေ့ကိုကျင်းပခဲ့ကြတယ်လေ။ချစ်သူသက်တန်းအပါအဝင်ဆိုရင်တော့ငါးနှစ်တိတိပြည့်ခဲ့ပြီပေါ့။သူမအတွက်တိတ်တစ်စိတ်ပြင်ဆင်ထားသည့်Supriseကိုတော့သူမကိုမပြောပြတော့ဘူး။ဟိုတစ်ခါမွေးနေ့တုန်းကလိုပဲလုပ်ရမယ်လို့ဇိုင်းစိတ်ထဲကနေတွေးလိုက်ရင်းနှုတ်ခမ်းလေးကွေးတက်သွားအောင်ပြုံးလိုက်မိလေသည်။

"အော ဟော ကို ဟာလေ တကယ် ကလေးကြနေတာပဲရေချိုးပြီးတာကိုအခုထိအင်္ကျီမဝတ်သေးဘူး...အအေးပတ်နေလိမ့်မယ်"

အခန်းထဲသို့ဝင်လာသည့်သူမကစီးကရက်သောက်နေသည့်သူ့ကိုမျက်စောင်းလေးထိုးရင်းဆိုလာတော့သောက်လက်စစီးကရက်ကိုကမာခွံဆေးလိပ်ပြာခွက်ထဲထိုးချေလိုက်ပြီးသူမကိုခါးကနေဆွဲဖတ်လိုက်လေသည်။သူမကသူ့ပုခုံးပေါ်ကတပတ်ကိုယူလိုက်ပြီးခေါင်းကိုရေပြောင်အောင်သုတ်ပေးလေသည်။သူမကိုကြည့်ရတာဒီနေ့ကိုမေ့နေတယ်ထင်ပါသည်။သူကလည်းသူ့အကြံနဲ့သူမလို့ဘာစကားမှမပြောတော့ပဲသူမရေသုပ်ပေးနေသည်ကိုငြိမ်ခံနေလိုက်လေသည်။

"ကို"

"ဟင် ပြောလေအသက်"

"ဟိုလေ မင်းသူထက်က ကောင်မလေးတွေဘာတွေများရှိနေပြီလား"

"ဘာဖြစ်လို့လည်း အသက်ရဲ့...ဒီကောင်ကြီးကဘယ်တုန်းကများစွန်ဖူးလို့လည်း....သူနာမည်ပြောင်ကိုကချိန်ပါ ပါဆိုနေ"

"ဟီးးးဆူးကလေ သက်ထားနဲ့တွန်းပေးလိုက်ရင်ကောင်းမလားလို့"

"အသက်ပြောမှ ကိုယ်လည်းသတိရတယ်...မင်းသူထက်ကဟိုတစ်နေ့ကတောင် ကိုယ့်ဆီကနေ သက်ထားအကြောင်းတစ်စွန်းတစ်စမေးနေသေးတယ်"

"အင်း အဲ့ဆို မင်းသူထက်လည်း သက်ထားကိုချိန်နေတဲ့ပုံပဲ...ဒီတစ်ခါ ကို့သူငယ်ချင်းချိန်ပါမဖြစ်အောင် ကိုနဲ့ဆူးနဲ့ကူညီလိုက်ရင်ကောင်းမလားလို့"

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now