🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀
Part-20(Season-2)
အချစ်ကပျားရည်တစ်ခွက်လိုချိုမြိန်တယ်ဆိုပေမယ့် သူ့အတွက်ကတော့ တမာရိုးလိုခါးသက်ခဲ့တယ်....အခုချိန်ကနေစပြီး ချိုမြိန်သောပျားရည်ခွက်ကိုမြည်းစမ်းဖို့ကြိုးစားတော့မယ်.....စီးကရက်ငွေ့တွေကိုလေထုထဲမှုတ်ထုတ်လိုက်ပြီးလေးကိုင်းသဏ္ဍာန်နှုတ်ခမ်းကိုပါးချိုင့်ရေးရေးပေါ်သည်အထိကွေးနေအောင်ပြုံးလိုက်လေသည်။
"နှစ်နှစ်ဆိုတဲ့အချိန်ကလောက်ငှပြီထင်တယ် အသက်ရဲ့..... အဟက်"
တစ်ယောက်ထဲသဘောတကျပြုံးကာဆေးလိပ်တိုကိုထိုးချေလိုက်ကာကားသော့ယူ၍အပြင်သို့ထွက်လာခဲ့လေသည်။နန်းရွှေရောင် ရွှေ၊ငွေကျောက်မြတ်ရတနာအရောင်းဆိုင်ဆိုပြီးဆိုင်းဘုတ်ကြီးကသူမရဲ့မဟာဆန်တဲ့ပုံကြီးနဲ့ခန်းနားနေလေသည်။ထိုဆိုင်ရှေ့ကားထိုးရပ်လိုက်ပြီးကားပေါ်ကနေဆင်းကာ ထိုဆိုင်တွင်းသို့ခပ်တည်တည်ပဲဝင်ချလာလေသည်။ဝန်ထမ်းတွေကဇိုင်းကိုမြင်တာနဲ့အံ့ဩနေကြသလို အရိုအသေလည်းပေးကြလေသည်။
"အကို ဘာများအလိုရှိပါသလဲရှင့်"
ဝန်းထမ်းကောင်မလေးကနှုတ်ဆက်တော့လက်သီးဆုတ်ကိုပါးစပ်နားတေ့လိုက်ပြီးချောင်းတစ်ချက်ဟန့်လိုက်လေသည်။
"အဟမ်း.....ဒီကပိုင်ရှင်နဲ့တွေ့ချင်လို့ပါ"
"အော် ဟုတ်ကဲ့ရှင့် ကျမပြောပေးပါ့မယ် ခနလေးစောင့်ပါနော်"
"Ok ok"
ထိုကောင်မလေးကအခန်းတစ်ခုထဲဝင်သွားတော့ဇိုင်းလည်းထိုနေရာ၌ပင်ရပ်စောင့်လျက်မှန်ဘောင်ထဲမှာထည့်ထားသည့်လက်ဝတ်ရတနာတွေကိုကြည့်နေလိုက်လေသည်။တစ်ချို့ဝန်ထမ်းဟောင်းတွေကသူ့ကိုသိကြပေမယ့်တစ်ချို့အသစ်တွေကြမသိပဲ ချောလိုက်တာဘာညာနဲ့ပြောနေကြတာပေါ့။လည်ကပ်ဆွယ်တာအနက်ရောင်အပေါ်ကနေဂျင်းအင်္ကျီထပ်ဝတ်ထားပြီးဂျင်းဘောင်းဘီအနက်နဲ့စမတ်ကြစွာတွဲဝတ်ထားသည့်သူကလူပျိုလေးအလားကျော့ရှင်းလျက်စွဲဆောင်မှုရှိလွန်းလေသည်။မှန်ဘောင်ကိုလက်ချောင်းရှည်ရှည်တွေနဲ့တစ်တောက်တောက်မြည်အောင်ခေါက်နေသည့်အချိန်တွင်အခန်းတစ်ခုထဲကနေအဖြူရောင်ဝမ်းစက်လေးနဲ့ရှုမငြီးအောင်လှနေသည့်သူမကထွက်လာလေသည်။
YOU ARE READING
ဓားသွားပေါ်ကအချစ်တိုက်ပွဲ