🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀
Part-18
"ဘယ်လိုဖြစ်ကြပြန်တာလည်းဆူးရယ်"
အတူဆုံဖို့ရန်တောင်ခက်တဲ့သူငယ်ချင်းမသုံးယောက်ကသူမအိမ်အထိရောက်လာခဲ့ကာ ဆူးကိုမေးနေလေတော့သည်။
"ဟမ် ဆူး ဘယ်လိုထပ်ဖြစ်ကြပြန်တာလည်း ငါမေးနေတယ်လေ"
"ငါသူနဲ့ကွာရှင်းတော့မှာ"
"ဟာ ဆူး နင်တို့အရင်တစ်ခါလိုပဲ အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ဖြစ်တော့မယ်"
"အရင်တစ်ခါ"
မယ်ရီကထိုသို့ဆိုလိုက်သည်ကြောင့်စန္ဒာနဲ့သက်ထားကအံ့ဩသလိုနဲ့တစ်ပြိုင်နက်ထဲအသံထွက်လာခဲ့လေသည်။
"အရင်တစ်ခါကဆိုတာက ဘာလည်း မယ်ရီ"
သက်ထားကမေးလိုက်သည်ကြောင့်မယ်ရီကသက်ပြင်းခပ်ဖွဖွချပြီးအရင်တစ်ခါကအကြောင်းကိုရှင်းပြလိုက်လေသည်။
"အရင်တစ်ခါက ဆိုတာ ဒီလို...."
"ကို"
စားသောက်ဆိုင်တစ်ခုမှာဇိုင်းနဲ့အတူကဗျာနွယ်ပါနေ့လည်စာ စားနေကြရင်းဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ဆူးကရောက်ချလာကာ သူ့နာမ်စားကိုစောင့်ခေါ်လာလေသည်။
"ဟင် အသက် ဘယ်လိုရောက်လာတာလည်း"
"မယ်ရီနဲ့အတူဈေးဝယ်ထွက်လာတာ"
အနောက်ကိုကြည့်လိုက်တော့မယ်ရီကဝယ်လာသည့်အထုတ်တွေကိုကိုင်ထားကာရပ်နေလေသည်။
"သူက ဘယ်သူလည်း"
"အော် သူက ကိုယ့်ရဲ့လက်ထောက်ပါကဗျာနွယ်တဲ့.....ထမင်းစားဖို့ကြုံတာနဲ့အတူစားလိုက်တာ"
"ဟွန့် ကို နော် တစ်ခြားအသံတွေထွက်လာကြည့် ဆူးအကြောင်းသိတယ်နော်"
သူမထိုကဲ့သို့ပေါ်တင်ကြီးပြောလိုက်တာကြောင့်ဇိုင်းမှာမျက်နှာပူသွားရကာကဗျာ့ကိုလည်းအားနာသွားရလေသည်။
"ထိုင်ပါအုံးအသက်ရဲ့ မင်းကောနေ့လည်စာ စားပြီးပြီလား"
"အင်းစားပြီးပြီ အခုပဲစားပြီးထွက်လာတာ"
YOU ARE READING
ဓားသွားပေါ်ကအချစ်တိုက်ပွဲ