🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀
Part-5
"ဝီးးကျွီ"
အိမ်ရှေ့ပေါ်တီဂိုအောက်ကားရပ်သံကြားသည်နှင့်အိမ်အကူကောင်မလေးကပြေးထွက်လာသည်။
"ဆူးကော"
ဇိုင်းအိမ်ပြန်ရောက်ရောက်ချင်းရှာမိတာကတော့ချစ်ဇနီးလေးပင်။သူမကိုမတွေ့တာကြောင့်ထိုကောင်မလေးကိုမေးလိုက်လေသည်။
"ဟို မမလေးဆူးကခေါင်းမူးလို့ဆိုပြီးအိပ်နေတယ်"
"အဟက် ဘာလည်းအကြံဖန်ထုနေတာလား"
ထိုသို့စိတ်ထဲကနေပြောပြီးအိမ်ပေါ်ထပ်ရှိအိပ်ခန်းထဲသို့တည့်တည့်မတ်မတ်လျှောက်လာခဲ့လေသည်။
အိပ်ခန်းတံခါးဖွင့်လိုက်တော့ဖြူစွပ်စွပ်မွေ့ယာထပ်မှာတစ်ဖက်သို့စောင်းပြီးကွေးကွေးလေးအိပ်နေသည့်ဆူးကိုတွေ့ရလေသည်။
ဇိုင်းကနှုတ်ခမ်းတစ်ခြမ်းစောင်းမဲ့ပြုံးပြုံးလိုက်ပြီသူမရှိရာသို့တည့်တည့်လာလေသည်။
"ဆူးသက်ခင် မင်းအကြံဒါအကုန်ပဲလား"
ဇိုင်းကလက်ကနာရီကိုမှန်တင်ခုံပေါ်ချွတ်တင်ရင်းပြောကာnecktieကိုလည်ပင်းမှဖြည်လျော့လိုက်ပြီး ခါးထောက်ကာသူမကိုကြည့်နေလေသည်။
ဆူးကလေးလံနေတဲ့မျက်လုံးတွေကိုဖြည်းညင်းစွာဖွင့်လိုက်ပြီး
"ရှင် ဘာတွေလာပြောနေတာလည်း"
"ကျမနေမကောင်းဘူး ကျမကိုမနှောက်ယှက်လို့ရမလား"
"ငါ ကနှောက်ယှက်တယ်ဟုတ်လား"
"ဟ မင်းသာအကြံအဖန်မလုပ်ရင်ငါလည်းနှောက်ယှက်စရာမလိုဘူးလေ"
"ဒီမှာကိုစစ်ခွန်ဇိုင်း ကျမတကယ်နေမကောင်းတာရှင်အေးအေးဆေးဆေးနေပါ"
"ငါ မင်းကိုပြောထားပြီးသားနော် မင်းငါနဲ့dinnerလိုက်ကိုလိုက်ရမယ်"
ဆူးကအိပ်နေရာမှငေါက်ကနဲထထိုင်လိုက်ပြီး
"ရှင် လူလိုပြောနေတာနားမလည်ဘူးလား"
"နားမလည်ရင်လည်းထပ်ပြောလိုက်မယ် ကျမနေမကောင်းဘူး မလိုက်နိုင်ဘူး"
YOU ARE READING
ဓားသွားပေါ်ကအချစ်တိုက်ပွဲ