Part-2 Uni/Zawgyi

10.9K 187 4
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-2

"ညနေကျရင် ကျမမိဘတွေလာလည်ကြမှာ ရှင်စောစောပြန်ခဲ့"

အခန်းထဲ၌အဝတ်လဲနေသည့်ဇိုင်းကိုဆူးကဝင်လာပြီးပြောလေသည်။

"ဒါပဲမလား"

"ဟုတ်တယ်"

"ရှင်သာစောစောပြန်ခဲ့ကျမတို့ကြားက ကိစ္စကိုကျမ မိဘတွေမသိစေချင်ဘူး"

"စိတ်ချပါ ငါကလည်းငါ့မိဘတွေကိုသိစေချင်တာမဟုတ်ဘူး"

"မင်းသာဘယ်လိုဟန်ဆောင်ရမလဲဆိုတာလေ့ကျင့်ထား"

ဆူးကိုမျက်လုံးတစ်ဖတ်မှိတ်ပြကာကားသော့ယူပြီးထွက်သွားလေသည့်ဇိုင်း......
_
_
_
_
_
ညနေ4:00.....

"ဟာ မာမီတို့ရောက်ပြီထင်တယ်"

မီးဖိုထဲမှာကြီးစိန်တို့နဲ့အတူထမင်းချက်ကူရင်းအိမ်ရှေ့က ကားသံကြောင့်ဆူးအပြေးလေးထွက်လာမိသည်။အိမ်ရှေ့ရောက်တော့ဆူးမိဘတွေမဟုတ်ပဲဇိုင်းဖြစ်နေလေသည်။ဝမ်းသာလုံးတွေကအလိုအလျောက်ပျောက်သွားပြီးမျက်စောင်းထိုးကာပြန်လှည့်ထွက်လာလေသည်။ဘာပဲဖြစ်ဖြစ်ပါဒီတစ်ခါတော့ဆူးစကားကိုနားထောင်လို့ဝမ်းသာမိပါသည်လေ။ဇိုင်းလည်းပြန်ဝင်သွားသည့်ဆူးကိုကြည့်ပြီးအိမ်ပေါ်ထပ်သာတက်သွားလေတော့သည်။4:00နာရီခွဲကျော်ကျော်လောက်ကြဆူးမိဘတွေရောက်လာခဲ့သည်။

"ဆူးကလေမာမီနဲ့ဒယ်ဒီကိုအရမ်းလွမ်းနေတာသိလား"

"အံမယ် မိပိုလေး ပိုနေပြန်ပါပြီ"

"တကယ်ပြောတာပါမာမီရဲ့"

"ဟုတ်ပါပြီတော် ဟုတ်ပါပြီ"

ဆူးကမိဘနှစ်ပါးရဲ့လက်ကိုချိတ်ပြီးအိမ်ထဲသို့ဝင်လာလေသည်။

"သမီးသားဇိုင်းကော"

"ရှိတယ်မာမီရဲ့ အလုပ်ကပြန်လာတာဆိုတော့ရေချိုးနေပြီနေမှာ"

"အော်"

"မာမီတို့ပင်ပန်းလာရောပေါ့ ဒီမှာထိုင်"

ဆူးညွှန်ပြသည့်အိမ်ရှေ့ခန်းကsofaမှာအားလုံးထိုင်လိုက်လေသည်။

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now