Part-6 Uni/Zawgyi

8.9K 177 8
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-6

ဘာသဘောနဲ့များသူနဲ့သူမကိုမှအိမ်ထောင်ဖတ်အဖြစ်ဘုရားသခင်ကရွေးချယ်ခဲ့သလဲ။သူမတို့နှစ်ယောက်ကလိုက်ဖတ်လွန်းတာလည်းမှန်တယ်။တစ်ချိန်ကလည်းသိပ်ကိုချစ်ခဲ့ကြတယ်။မိန်းမဆိုရင်အပေါ်ယံသာသာဆက်ဆံပြီးတွဲခဲ့ပေမယ့်သူမကိုတော့မြတ်မြတ်နိုးနိုးချစ်မိပြီးဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့မိသည်။

သူမကိုသိပ်ချစ်ပါသည်။အနေအေးပြီးအရာရာမှာနားလည်မှုပေးတယ်၊ပေါင်းသင်းဆက်ဆံရေးမှာလည်းသိပ်ကိုကောင်းတယ်၊သဘောထားလည်းပြည့်ဝတယ်၊စကားပြောလည်းသိပ်ယဉ်ကျေးတယ်၊နူးညံ့သိမ်မွေ့တဲ့သူမ။

အဲ့အချက်တွေကြောင့်ပဲသူမကိုသိပ်ချစ်ခဲ့တယ်။တစ်ခြားမိန်းကလေးတွေနဲ့မတူပဲသိပ်ကိုချစ်စရာကောင်းတဲ့သူမကဘာကြောင့်များသိပ်အံ့ဩစရာကောင်းတဲ့ကိစ္စကိုမှကျူးလွန်ခဲ့ရတာလည်း။

"မင်းဘာလို့အဲ့လောက်ရက်စက်ရတာလည်း"

ဇိုင်းအရာအားလုံးပြန်စဉ်းစားနေမိသည်။သူရဲ့ဇနီးကသိပ်ကိုကြင်နာတက်တာ

"ဘာကြောင့်များ ဘာကြောင့်များမင်းအဲ့လောက်ထိလုပ်ရက်ခဲ့ရတာလည်းကွာ"

စီးကရက်တွေတာနှုခမ်းဖျားထက်အဖော်ပြုရင်းသူမအကြောင်းစဉ်းစားကာအိပ်မရဖြစ်နေမိသည်။အချိန်ကြည့်လိုက်တော့မနက်သုံးနာရီထိုးနေပြီ။

လေနုအေးတွေကသူ့ကိုသရော်နေသလိုအဆက်မပျက်တစ်စိမ့်စိမ့်တိုက်နေလေသည်။ထိုလေနုအေးတွေနဲ့‌အတူနှုတ်ခမ်းဖျားထက်ကနေစီးကရက်ငွေ့တွေကိုမှုတ်ထုတ်လိုက်ပြီးလေထုထဲသို့လိုက်ပါခွင့်ပေးလိုက်လေသည်။

ကုတင်ပေါ်မှာတော့ခွေခွေလေးအိပ်မောကြနေသည့်သူမကိုဝရန်တာဘက်ကနေသူလှမ်းကြည့်နေမိလေသည်။

အိပ်မောကျနေတော့လည်းဖြူစင်လွန်းပြီးဘာမှမသိနားမလည်သည့်ကလေးတစ်ယောက်ပမာနှစ်လိုဖွယ်ကောင်းလှပေသည်။

သူကတော့တစ်ညလုံးသူမကိုကြည့်လျက်အိပ်ပျော်တော့မည်မထင်ပေ။

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now