Part-9 Uni/Zawgyi

8.5K 170 9
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-9

အချစ်ဆိုတာလိုချင်တဲ့သူဆီကနေရချင်မှရပေမယ်။မရချင်တဲ့သူဆီကကြတော့လည်းရပြန်ရော။မချစ်မနှစ်သက်ပဲလက်ထက်ခဲ့ရတဲ့သူရှိပြီးအနေကြာလာတဲ့အမျှချစ်သွားကြတာမျိုးလည်းရှိကြတယ်။

ဒါပေမယ့်သူတို့နှစ်ယောက်ကတော့အရမ်းချစ်ကြလို့လက်ထက်ခဲ့ကြပေမယ့်အိမ်ထောင်ရေးမှာဓားသွားတစ်စင်းလို၊ဆူးတစ်ချောင်းလိုအတိုက်အခိုက်တွေရှိလာတော့ချစ်လျက်နဲ့ဝေးကွာကြရမည်လား။

"အသက် ဒါဘယ်လည်း"

မှန်တင်ခုံရှေ့မှာအလှပြင်နေသည့်သူမကိုအခန်းထဲဝင်ဝင်လာခြင်းဇိုင်းမေးလိုက်လေသည်။

"အလုပ်သွားမလို့"

"မင်းနေကောင်းပျောက်ပြီမလို့လား"

"ကျမဘာသာကောင်းချင်ကောင်းမကောင်းချင်နေရှင့်အပူတစ်ပြားသားမှမပါဘူး"

"အသက် မင်းမရစ်နဲ့ကွာ ဒီနေ့တော့မသွားသေးနဲ့"

"သွားမှာပဲ ကျမကိုလာမပိတ်ပင်နဲ့ရှင့်ကိုလည်းကျမဘာမှမပိတ်ပင်ထားဘူးကိုယ့်စိတ်ကြိုက်ကိုနေမယ်"

သူမကမိတ်ကပ်ဘူးကိုခုံပေါ်သို့စောင့်ချလိုက်ပြီးအင်္ကျီလှဲရန်ဗီရိုကိုဖွင့်လိုက်လေသည်။

"အသက် ငါမင်းကိုစိတ်ပူလို့ပြောနေတာငါ့စကားကိုနားထောင်စမ်းပါ"

"ဘာရှင်က ကျမကိုစိတ်ပူတယ်ဟုတ်လား"

ဆူးကအင်္ကျီရွေးနေရင်းမှထိုစကားကြောင့်ဇိုင်းဘက်သို့လှည့်လာပြီးစကားဆက်လေသည်။

"ဒီမှာရှင်လျှောက်ပြောတိုင်းရှင့်စကားတွေထဲမှာပျော်ဝင်ခဲ့တဲ့ဆူးသက်ခင်ကသေသွားပြီရှင့်"

"ရှင်ကျမကိုဘာရည်ရွယ်ချက်နဲ့အခုလိုတွေလုပ်နေလည်းဆိုတာမသိဘူးကျမကတော့ရှင့်စကားတွေယုံဖို့ဆိုတာမဖြစ်နိုင်တော့ဘူးရှင့်"

"ရှင်သာစိတ်ပူတက်ရင် မိန်းမတစ်ယောက်လုံးနေမကောင်းဖြစ်နေတာကိုသိလျက်နဲ့ညကဘယ်သဝေထိုးနေတာလည်းအိမ်ပြန်မလာခဲ့ဘူး ဟော ကြည့်ပြန်ရောက်တော့လည်းကျမကိုပြဿနာရှာနေတယ် အဲ့ဒါရှင်မှားလားကျမ မှားလား"

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now