Part-11 Uni/Zawgyi

8.3K 170 11
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-11

"ဟဲလို"

ကဗျာနွယ်ဆိုသည့်အမည်ကြောင့်ဖုန်းကိုင်လိုက် လိုက်ခြင်းပဲတစ်ဖက်ကကဗျာနွယ်ကငိုယိုသံသာထွက်လာခဲ့လေသည်။

"ကိုကို အဟင့် ဟီး"

"ကဗျာ ကဗျာ ဘာဖြစ်တာလည်း"

ငိုသံသာထွက်လာသည့်ကဗျာကြောင့်ဇိုင်းအစိုးရိမ်တကြီးဖြစ်သွားရလေသည်။

"ကိုကို ကဗျာ ဘယ်လိုလုပ်ရမလဲဟင် ကဗျာဘယ်လိုလုပ်ရမလဲ"

"ကဗျာ စိတ်အေးအေးထားနော် အခုကဗျာဘာတွေဖြစ်နေလည်းကိုယ့်ကိုပြောပြ နော် ကဗျာ ငိုပဲနေရင် ကိုယ်ဘာလုပ်ပေးရမလဲမစဉ်းစားတက်တော့ဘူးလေ"

"ဟင့် ကိုကို  ကြီးမှုံ လေ ကြီးမှုံဒီမနက်ပဲဆုံးသွားပြီ အဟီး အဟင့်"

"ဘာ ဘယ်လိုဖြစ်တာလည်းကဗျာ"

"ရုတ်တရတ် ဦးနှောက်သွေးကြောပျက်သွားတာတဲ့အဟင့်.....ကိုကို ကိုကိုလာခဲ့ပါနော်....ဒီမှာကဗျာတစ်ယောက်ထဲရယ်...ဟီးးနော်ကိုကို ကိုကိုလာမယ်မလား"

"အင်းပါကဗျာ အခုလောလောဆယ်တော့ကိုယ်လူလွှတ်ပြီးစီစဉ်စရာရှိတာစီစဉ်ခိုင်းလိုက်မယ်....ကိုယ်ကတော့မနက်ဖြန်လာခဲ့မယ်...မနက်ဖြန်ဆိုကဗျာအဆင်ပြေတယ်မလား...ကိုယ်ဒီမှာလုပ်စရာရှိတာလေးတွေလက်စသက်ရအုံးမှာမလို့....ဟုတ်ရပါတယ်ကိုကို"

"အင်း အဲ့ဆိုဒါ‌ပဲလေနော်"

"ဟုတ် ကိုကို"

ကဗျာနွေနဲ့ဖုန်းပြောပြီးသည်နှင့်သူရဲ့ဆံပင်တွေကိုစိတ်ရှုပ်စွာထိုးဖွလိုက်ပြီးမျက်နှာကိုလည်းလက်နှစ်ဖတ်နဲ့ပွတ်သပ်ကာတစ်ခုခုတွေးနေလိုက်လေသည်။ဒီကိစ္စကသူမသွားလို့လည်းမဖြစ်တာအမှန်။ဒါကြောင့်သူသွားရမည်...ပြီးတော့ကဗျာကလည်းမပေါ့မပါးကြီးနဲ့ဆိုတော့........
~~~~~~~~~~~~~~~~~~~~~~
"အသက်"

"ဘာလည်း"

ရေချိုးခန်းကထွက်လာလာခြင်းကုတင်ပေါ်မှာLaptopတစ်လုံးနဲ့လက်ဝတ်ရတနာတွေကိုကြည့်နေသည့်သူ့မိန်းမလေးကိုခေါ်လိုက်ပေမယ့်ပြန်ထူးလာသည့်အသံကအောင့်သက်သက်......

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now