Part-10 Uni/Zawgyi

8.7K 161 9
                                    

🥀ဓားသွားပေါ်ကအချစ်တိုက်ပွဲ🥀

Part-10

ဆူးကကိတ်မုန့်လေးကိုတြိဂံပုံလေးခွဲလိုက်ပြီးပန်းကန်ပြားလှလှလေးပေါ်တင်လိုက်လေသည်။ပြီးတော့သူမရဲ့မတော်ချင်လည်းတော်နေရသည့်ချစ်လင်ဘက်ကိုလှည့်လိုက်ပြီးအရင်ဆုံးခွံ့ကျွေးလိုက်လေသည်။ပြီးတော့သူငယ်ချင်းတွေကိုအသီသီလိုက်ခွံလေသည်။

"ကျွီ...စီ"

ဆူးမုန့်ခွန့်နေတုန်းအိမ်ရှေ့က ကားသံကြားရလေသည်။ထိုကားသံနှင့်အတူဆဲဆိုသံကလည်းတစ်ခါတည်းထွက်လာလေသည်။

"အမျိုးယုတ်တွေ ဒီမှာလာသယ်ကူကြအုံးကွ"

ပြစ်ပြစ်နှစ်နှစ်ဆဲဆိုလိုက်သည့်အသံကြောင့်အားလုံးကရယ်မောကြလေတော့သည်။

"ဟျောင့် တွေမင်းတို့ကိုငါပြောနေတာမကြားဘူးလား ကားထဲမှာကျန်တဲ့ဟာတွေသွားသယ်"

အိမ်ပေါက်ဝထိလက်ကနေ မနိုင်မနင်းစားစရာအထုတ်ပလုတ်တွေကိုသယ်လာသည့် မင်းသူထက်ကစိတ်တိုစွာထပ်ပြောလေသည်။

ခန့်ဇင်ဟိန်းနဲ့ဇေယျာကျော်ကကားထဲမှာကျန်ခဲ့သည့်စားစရာတစ်ချို့ကိုသွားယူခဲ့လေသည်။

"အော် ငါ့ကြတော့စားစရာတွေဝယ်ခိုင်းပြီး နင်တို့ကြတော့ကိတ်တောင်ခွဲပြီးနေပြီပေါ့ မတရားလိုက်တာကွာ"

ခုံပေါ်ကိုစားစရာတွေပြစ်ချရင်းနဲ့မကျေမနပ်ထပ်ပြောပြန်လေသည်။

"အဲ့ဒါတော့မင်းထိုက်နဲ့မင်းကံပဲလေ သားကြီးရ"

ဟုတ်ပါသည်လေလွန်ခဲ့တဲ့နှစ်နာရီလောက်ကဒီညစားဖို့သောက်ဖို့အတွက်သွားဝယ်ဖို့ကို မင်းသွားဝယ် ငါသွားဝယ်လုပ်နေကြတာကြောင့်သူတို့သူငယ်ချင်းလေးယောက်ရဲ့ထုံးစံအတိုင်းဘိုကျားဆွဲကာမဲခွဲကြလေသည်။

ဇိုင်းကတော့ ဆူးကိုခေါ်ဖို့အတွက်တာဝန်ရှိသည်ဆိုတော့သူကတော့ဘေးဖယ်နေကာမင်းသူထက်ရယ်ခန့်ဇင်ဟိန်းရယ်ဇေယျာကျော်ရယ်ကဘိုကျားဆွဲကြရာအမြဲတမ်းရှုံးကာခိုင်းတဲ့အတိုင်းလုပ်ရသည်ကတော့မင်းသူထက်ဆီသို့ကြရောက်ရလေသည်။

ဓားသွားပေါ်ကအချစ်တိုက်ပွဲWhere stories live. Discover now