ရာသီဥတုသာယာ ကောင်းမွန်သော နေ့တစ်နေ့ဖြစ်သော်လည်း ဆိုးလ်ဗဟိုခရိုင် တရားရုံးတစ်ခုတွင် အမှုသည်နှစ်ဦး၏ တရားဝင်ကွာရှင်းပြတ်ဆဲကြမည့် ရုံးချိန်း တစ်ခုဖြင့် စတင်ခဲ့သည် ။
ကွာရှင်းပြတ်ဆဲပြီးရင် ပြန်လှည့်လို့မရတော့မယ့် အတိတ်တွေအနာဂတ်ကိုပုံဖော်ဖို့
အဖေရယ်အမေရယ်သူရယ်ဆိုပြီး မတောက်တခေါက်ဆွဲထားတဲ့ကလေးငယ်ရဲ့လွယ်အိတ်လေးထဲကအတွေးကမ္ဘာလေးပျက်သုဉ်းရမည်ဖြစ်ခဲ့သော်လည်း
အဖေနဲ့အမေ ကိုငေးကြည့်နေတဲ့ ဆယ်နှစ်အရွယ် ကလေးလေးဟာ အရွယ်နဲ့မလိုက် ရင့်ကျက်ချင်ယောင်ဆောင်နေရင်းဝမ်းနည်းနေပုံတော့မရ ။သူဋ္ဌေးကြီးထယ်ဆိုး၏တရားဝင်ကွာရှင်းခြင်းမို့
သတင်းထောက်အနည်းငယ်လည်း ရှိနေသည် ။ အချစ်မရှိသောအိမ်ထောင်ရေးသပ်သပ်မို့
စာချုပ်မှာ လက်မှတ် ထိုးပြီးသည်နှင့်
ကလေးငယ်ဟာ အမေ့ရင်ခွင်ထဲ တည်ငြိမ်စွာ ဝင်လိုက်ရင်း
ကျောလေးကိုအသာအယာပုတ်ပေးကာ
အမေရေအခုကစပြီး သားတို့ ပျော်လို့ရပြီ ဆိုတဲ့ စကားကို
ပြုံးကာ ပြောလေတယ် ။တစ်ယောက် တစ်လမ်း ခွဲခွာရမည့် အချိန်တွင် သူစိမ်းဖြစ်သွားနိုင်သည့်ထဲ သားသမီးတော့မပါခဲ့
သူဋ္ဌေးကြီးက သူ့သားကိုတော့ သံယောဇဉ် မပြတ်ဘဲ ငေးကြည့်နေသည် ။ သို့သော်လည်း အနောက်ပါးမှ အဖေလို့အော်သံအဆုံးမှာ ထယ်လေး မျက်နှာပျက်သွားရသည် မိသားစုအသစ်ရနေတဲ့အဖေကို
ကြည့်ကာ ကလေးမို့များများစားစားမတွေးတတ်သော်လည်း
အဖေ့လက်ကိုဆွဲထားတဲ့ ထိုကလေးက သူ၏နေရာကိုရရှိလိမ့်မည် ။'' သား ထယ် အဖေ့ဆီ မှာ မနေချင်ဘူးလား ''
'' အဖေ့မှာ သူရှိပေမယ့်မေမေက သားကိုလိုတယ် ''
သူ၏လက်ထဲကကလေးကို လက်ညိုးထိုးပြသွားပြီး
သူ၏အမေလက်ကိုပြုံးရွှင်စွာ တွဲသွားသည့် သားဖြစ်သူက
သူ့ကို မမုန်းပေမယ့် ချစ်လည်း ချစ်တော့ပုံမရ ဆယ်နှစ်အရွယ်ကလေးကို သူကဘဲစိတ်ဒဏ်ရာတွေ ပေးခဲ့ပုံရသည်။ သူမကောင်းခဲ့တာ မှန်ပေမယ့် သားကိုတော့ သံယောဇဉ် ရှိပါသည် သူ့အမှားတွေရဲ့ အကျိုးသက်ရောက်မှုက သားလေးအပေါ် ရောက်သွားပုံပင် ။
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''