Part { 11 }

639 49 2
                                    

မနက်ဖြန်​တွေပျောက်ဆုံးရတော့မည် သူမရှိဘဲ
ရှင်သန်နိုင်ဖို့ကြိုးစားရတော့မယ့်အချိန်ဟာတန်းတန်း
မတ်မတ်ရောက်လာခဲ့ပြန်ပြီ ။

ထယ်ယောင်းအခုတလော အလုပ်ရှုပ်နေသလို အသစ်ပြောင်းရမည့်ဆေးရုံအားလေ့လာနေသလို ဂျောင်ကုကို
တစ်ယောက်ထဲကျောင်းမှာထားခဲ့ရပြန်ဦးမယ်တွေးမိတော့
သက်ပြင်း ထပ်ချလိုက်မိသည် ကျောင်းပြီးတော့မယ့်
ကလေးတစ်ယောက် အတွက် သူပူပန်နေသည်တဲ့လေ
မကြာခင်ဘဲဂျောင်ကုဟာ ဦးလေးကြီးရဲ့ရုံးခွဲတွေကို
ဦးစီးတော့မည်ဖြစ်သလို လုပ်ငန်းအားလုံးရဲ့ဆက်ခံသူလည်း
ဖြစ်လာတော့မည် ဖြစ်သည်မို့ ဂုဏ်ယူမိသလို ဘေးနားက
အမြဲ စောင့်ရှောက်ပေးချင်သည့် ဆန္ဒသာရှိပြန်သည် ။
သူအတွေးများနေတုန်း တံခါးခေါက်လာသောကြောင့် အတွေးနယ်ထဲမှရုန်းထွက်လိုက်တုန်းဝင်လာသည့် ဂျောင်ကုရဲ့အဖေ

'' အဖေ ဂျောင်ကုဆီလာတာလား ''

'' မဟုတ်ပါဘူး ထယ်ယောင်း ဆီလာတာ ပြောစရာရှိလို့ ''

'' အင်း ကျွန်တော်နားထောင်နေပါတယ် ''

'' သူ့ကို လက်လွတ်ချိန်တန်ပြီထင်ပါရဲ့ သားရယ် ''

'' ဒါဆို ညနေကျကျွန်တော်လာခဲ့ပါ့မယ် ဂျောင်ကုကိုရော
ဘယ်လို ပြောမလဲ အဖေရယ် သူစိတ်ဒဏ်ရာရသွား
မှာစိတ်ပူမိတယ် ''

သက်ပြင်းချသံနှစ်ခုပြိုင်တူထွက်လာသလို နှစ်ယောက် လုံး
ဝမ်းနည်း နေသည်ကိုတော့လိမ်မရ ဒီညနေဆို ဂျောင်ကုဟာ
အဖြစ်မှန်တွေကိုသိသွားတော့မည် ဖုံးကွယ်ထားခဲ့မိလို့
မင်းအပြစ်ပေးရင်လည်း ကျေကျေနပ်နပ်ကြီး ခံယူရုံပေါ့

ကားမောင်းနေတဲ့လက်ဖျံကြောစိမ်းစိမ်းတွေကိုထယ်ယောင်း
အသာငေးရင်း မေးရိုးချွန်ချွန်ကို စိုက်ကြည့်ကာ အာရုံစူးစိုက်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို သဘောကျမိသည် ။ သူပူဆာလို့ညနေစာအတူ အတင်းလိုက်စားရတဲ့ရုပ်နဲ့ အဲ့ကလေးက လူဆိုးလေးပါပင်
စိတ်ဆိုးမည်ဆိုလည်းဆိုးသင့်သည်လေ သူ့ကောင်မလေးနဲ့
အတူပြန်မှာကိုကျွန်တော်ကကြားထဲဝင်ဖျက်သလို ဖြစ်သွားတာလေ ဒီလို တွေးမိတော့မျက်နှာငယ်သွားရပြန်သူကသူပါဘဲ ။

Stranger but Warmth { ongoing. }Where stories live. Discover now