Part [ 16 ]

579 41 3
                                    

တစွန်းတစထွက်ပေါ်လာတဲ့ ချစ်ခြင်းတွေကြား
သူကိုယ်တိုင်ရုန်းထွက်မရပေမယ့် ထိုကလေးကိုတော့
အထိအခိုက်ကင်းစေလိုပါ၏ ။

'' အစ်ကိုကြီး ဘာလို့ ပစ္စည်းတွေသိမ်းနေတာလဲ ''

'' ကျောင်း ကနေ ပြောင်းတော့မှာမို့ ''

'' ဟင်အဲ့လောက်မြန်မြန်ကြီး ဘာဖြစ်လို့လဲ ''

'' ဟိုမှာ အရေးပေါ် လူလိုနေပြီ လေ မင်းအစ်ကိုကြီးက
ဆရာဝန်လေ လိုအပ်တဲ့လူနာတွေကို ဦးစားပေးရမယ်
ကောင်လေးရဲ့ ''

'' ဒါဆို မောင် ကရော ''

'' ဟမ် ''

'' ဘာမှ မဟုတ်တော့ ဘူး
ကျွန်တော်လိုက်ပို့ပေးမယ်နော် ''

ဂျောင်ကုသူပြောလို့မဆုံးသေး ဟာဂျွန်းဆိုသည့်သူရောက်လာတော့ ပြောလက်စကို
ခဏရပ်ထားလိုက်သည် ။

'' ယောင်း ကိုယ်မနေ့က ယောင်းမေးထားတဲ့
case လေး ရှင်းပြရင်း လိုက်ပို့ပေးမယ် လေ ''

အစ်ကိုကြီးကသူ့ကိုအားနာသည့် မျက်ဝန်းလေးများ
စွန့်ကြဲလာတော့ဘာမှမဖြစ်သလိုသူပြုံးပြလိုက်မိသည်
စိတ်ဝင်တစားဖိုင်ကိုကြည့်ရင်း
ဟိုလူရှင်းပြတဲ့အကြောင်းအရာများကို နားထောင် ရင်းအတူသွားနေကြသည့် ကျောပြင်နှစ်ခုကိုငေးရင်း
တချို့လူများက လိုက်ဖက်လိုက်တာလို့ပြောကြသည်။

ဆေးကျောင်းမလျောက်ခဲ့တာ နောင်တရဖူးတဲ့အချိန်တွေ
လုပ်ငန်းခွင်သာတူရင် မျက်နှာလေး ဖြစ်ဖြစ်တနေကုန်
ငေးကြည့်ခွင့်ရနိုင်သည် အခုတော့ အစ်ကိုကြီးသိချင်တဲ့
အကြောင်းအရာတွေသူတစ်ခုမှ သူမသိပါ ။
တိုက်တိုက်ဆိုင်ဆိုင် တက်လာတဲ့ ကျောင်း Mail box
မှာအစ်ကိုကြီးနှင့်ဟိုလူ၏ပုံများနဲ့အတူ အစ်ကို ရဲ့
Igpostလေးကတက်တူးပိုင်ရှင်ကဟာဂျွန်းများဖြစ်​နေမလားလို့ မှတ်ချက်များလည်းတက်လာသည် ။

ဒီလို နဲ့ ကျွန်တော်ဟာ တစ်လှမ်းချင်းနောက်ကျပြီးရင်း
နောက်ကျနေတော့မလား ။

'' ကောင်လေး ''

'' ဗျာ ''

'' ဘာတွေငိုင်နေတာလဲ ရော့မင်းဖို့
နေတွေတအားပူနေတာ မင်းကြိုက်တဲ့လီမွန်ဖျော်ရည်''

Stranger but Warmth { ongoing. }Where stories live. Discover now