အားကစားပြိုင်ပွဲနေ့ပြီးကတည်းက အစ်ကိုကြီးက
သူ့အားစိတ်ဆိုးနေသလို ဂရုစိုက်တော့မပျက် ပါ
ရုပ်တည်ကြီးဖြင့် သူ့ကိုစိတ်ဆိုးတော့ ဒီလူက
အူယားလို့ဖက်နမ်းလိုက်ချင်မိသည် ။မကြာခင် ကျောင်းပြီးတော့မည် ဖြစ်သလို အဖေ့အား
ပူဆာကာဆေးရုံကရှယ်ယာများဝယ်ထားသလို
အဖေ့လုပ်ငန်းတွေအကုန် သူအနည်းအများနားလည်
နေပြီဖြစ်သည် ပါးပါးလက်ဆောင်ပေးခဲ့တဲ့ ကော်ဖီဆိုင်
လေးအားလည်း သေချာလည်ပတ်အောင် နေ့တိုင်း
သူသွားကြည့်ဖြစ်သလို ပါးပါးအငွေ့အသက်တွေရတဲ့
ထိုနေရာက သူ့အတွက် အမှတ်တရ များသိမ်းဆည်း
ထားနိုင်သည့်နေရာလည်း ဖြစ်သည်လေ ။" အစ်ကိုကြီး အစ်ကိုကြီးရေ ''
''. ....... ''
'' ဟော မထူးဘူးပေါ့လေ အစ်ကိုကြီးလို့ ''
''. ...... ''
'' မောင့်ရဲ့အစ်ကိုကြီး ''
'' အဟမ်း ''
ပြုံးသွားသည့် ထိုနှုတ်ခမ်းဖျားအစွန်းမှာ သူ့ရင်ခုန်သံများ
မူမမှန်နိုင်တော့ပေ မျက်မှန်ချွတ်ထားတာကြောင့်
မျက်ဝန်းတွေကိုအနီးကပ်ကြည့်မိတော့ လန့်သွားသည့်
သူကနှုတ်ဖျားမှ အင့်ကနဲအသံထွက်လာတော့သည် ။ပါးနုနုလေးအား မြတ်နိုးစွာထိမိတော့ အသက်ရှုသံ
ခပ်တိုးတိုးက သူ့ပါးအားလာရိုက်ခတ်သည် ထိုခဏမှာ
သူဟာ ကင်ထယ်ယောင်း ဆိုတဲ့ချောက်လှလှလေးထဲ
ခြေချော်ကျသွားရသည် ဆွဲတင်ပေးမယ့် ကြိုးတွေရှိပါရက်
ထိုချောက်လှလှထဲရူးသွပ်စွာ ပျော်ဝင်တော့ ပါးပေါ်ရောက်လာသည့် နှုတ်ခမ်းဖျားနုနုက သူ့အာရုံငါးပါး
အားလွှမ်းမိုးသွားသည် ထိုခဏမှာ မောင့်အစ်ကိုကြီးက
မောင့်ကမ္ဘာအလုံးစုံကို လက်နက်မလိုဘဲသိမ်းဆည်းသွား
တော့သည် ။အစည်းအဝေးခန်းထဲ အေးဆေးစွာ ဝင်သွားသည့်
အစ်ကိုကြီးက သူ့အားရင်တုန်အောင်လုပ်သွားပြီး
ပြုံးပြကာ လက်လှမ်းပြရင်း သွားခဲ့ပေမယ့် အခန်းရှေ့၌
မတုန်မလှုပ်ကျန်နေခဲ့တာသူပင် အတန်းပိုင် ဆရာ
လှမ်းခေါ်တော့မှ သူသတိကပ်ကာ စာကိုသေချာအာရုံစိုက်ရင်း
အပြုံးတွေဖုံးဖိလို့မရသဖြင့် ထိုနေ့က ကျောင်းရဲ့ King
ကြီးက အရင်လိုရုပ်တည်ကြီးအစား
ထိုစာသင်ချိန်တစ်ချိန်လုံးပြုံးနေသည်မို့ ထူးဆန်းနေကြတော့သည် ။
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''