Part { 7 }

820 64 5
                                    

အစောကြီးထနေကျမျက်လုံးတွေကကျင့်သားရစွာ နိုးလာတော့ မနက်အစောကြီးပင် ရှိသေးသည် ရေချိုးမျက်နှာ
သစ် ပြီးသည့်တိုင်အိမ်ကလူများမထသေးသဖြင့် ခြံထဲလမ်းလျောက်ဖို့မဆင်းခင်ပြတင်းပေါက်ကို
အသာဖွင့်လိုက်တော့ ခြံထဲကဒေစီပန်းခင်းအကြီးကြီးက
စိတ်ကိုကြည်နူးစေသည် ခြောက်နှစ်လုံးပျိုးထောင်ခဲ့ရတဲ့
ထိုပန်းခင်းကြီးအခုတော့ လှပစွာပနံသင့်နေတော့သည် ။

ကိုယ်ပျိုးထောင်ခဲ့ရတဲ့ပန်းတွေဖြစ်မြောက်လာတဲ့အခါ
ကြည်နူးရတဲ့ပီတိက ခံစားချက်တစ်မျိုးလေးပင်
တစ်သက်လုံးပျော်ချင် အပင်စိုက်ဆိုတဲ့စကားကသိပ်မှန်
ကြောင်း ဒီပန်းခင်းကသက်သေပင် ။ ဂျောင်ကုဒီဘက်ပန်းခင်း
တွင်ဝင်ကြည့်နေတုန်း ဟိုဘက်နားကလှုပ်လာသောကြောင့်
အကောင်တွေဘာတွေဝင်သည်အထင်နှင့် ဘေးနားက
ဒုတ်အားကိုင်ကာ ရိုက်ရန်ပြင်လိုက်တော့ ရုတ်တရက် လှည့်ကြည့်လာသည့်မျက်ဝန်းတွေကြောင့်လန့်ကာအယောင်အမှားမှားဖြင့် လက်ထဲက ဒုတ်နဲ့ရိုက်လိုက်မိသည် ။

ထယ်ယောင်းအစောကြီးနိုးနေသည်နှင့် ဟိုဘက်ခြံကအပေါက်သေးသေးလေးကအခုထိမပိတ်သေး
သလို သူ့အိမ်ဘက်ကလှမ်းကြည့်ရင်တောင် သိပ်လှနေတဲ့
ဒေစီတွေကြောင့် ထိုခြံထဲဝင်ချင်စိတ်များဖြစ်လာရသည်
ငယ်ငယ်တုန်းကလိုစပျစ်သီးလေးဘာလေးခိုးစားရင်း အကြံနဲ့
ဝင်လာပေမယ့် အခုတော့အာလူးရလိုက်သည် နဖူးနားက
နီရဲနေတဲ့အာလူးဖုကြီးကြောင့်ငိုရမလိုရယ်ရမလိုဖြစ်နေရသည်
ခြံထဲခိုးဝင်သည့်အပြစ်ကရှိသေးတော့လည်း ရိုက်သည့်သူအားမကြည်ကြည့်သာ ကြည့်နိုင်တော့သည် ။

'' ကျွန်တော်လည်းမသိလိုက်လို့ရိုက်လိုက်မိတာ ''

'' အင်း ''

'' ကြည့်ရအောင် အရမ်းနာသွားသလား နီရဲနေတာဘဲဗျာ ''

'' အင်း ငါပြန်တော့မယ် ''

ဒဏ်ရာအားကြည့်ဖို့ မျက်နှာနားကပ်လိုက်ပေမယ့် ထွက်သွားဖို့ကြံနေတဲ့ အစ်ကိုကြီးကြောင့် သူလက်ကနေဆွဲလိုက်တော့ဒေစီပန်းခင်းကြီးထဲ နှစ်ယောက်လုံးပြိုကျသည် သူ့အားကြောင်ကြည့်နေတဲ့ အစ်ကိုကြီး ခုဏကသူ့ကြောင့်နီရဲသွားတဲ့ နဖူးလေးအား ခပ်ဖွဖွလေးအာငွေ့ပေးရင်း နမ်းလိုက်မိသည် ။

Stranger but Warmth { ongoing. }Where stories live. Discover now