လောင်ကျွမ်းနေတဲ့ခံစားချက်တွေ ငြိမ်းသတ်ဖို့
အေးချမ်းတဲ့ရေတစ်ခွက်လိုတယ်ထင်ဖူးပေမယ့်
မီးလောင်ကျွမ်းတဲ့နေရာကိုရေနဲ့လောင်းချရင်
ပိုပြီးတောက်လောင်လာလေ့ရှိတယ်ဆိုတာတော့တွေးဖို့
့မေ့လျော့နေတတ်ဖူးသည် ။စာကြည့်တိုက်ရဲ့အတွင်းဘက်ကျဆုံးနေရာမှာ တိတ်ဆိတ်စွာ
စာဖတ်ရင်းအာရုံတွေမပျံ့လွင့်ဖို့ထယ်ယောင်း
ကြိုးစားနေပေမယ့် မရခဲ့ အခုဆိုသူဟာကျောင်းပြီးရန်လည်း
သိပ်မလိုတော့ပေသူဝါသနာပါတဲ့အရာကိုရှာဖွေပြီးကျွမ်းကျင်ဖို့
အမေကတော့တိုက်တွန်းရှာပါသည်သူဘာတွေတွန့်ဆုံ့နေလဲ
စဉ်းစားနေတုန်း စာအုပ်တွေစီထားတဲ့စာအုပ်တွေပြိုကျကုန်
သည် တရားခံကဟိုကလေး သူ့အားစပ်ဖြီးဖြီးပြုံးပြလာကာ
မျက်နှာပိုးမသေသေးဘဲအနားသို့လာထိုင်သည် ထုံးစံမပျက်
လက်ထဲက စပျစ်သီးဘူးလေးကသူ့အတွက် မမေ့မလျော့
ယူလာပေးပြန်သည် ။'' အစ်ကိုကြီးကလည်း အမြဲစာအုပ်တွေထဲခေါင်းစိုက်နေတာ
ပျင်းစရာကြီး ဗျာ '''' မင်းလည်းငယ်တုန်းစာလုပ်လေ နောက်မှမင်းခက်နေလိမ့်မယ် ''
'' မခက်ပါဘူးအစ်ကိုကြီးရာ ကျွန်တော့်မှာရည်မှန်းချက်
များများစားစား မရှိဘူး ရှိတဲ့ရည်မှန်းချက်လေးပြည့်ဖို့တော့
လိုသေးတယ်ဗျ ''''မင်းဘဲ ကြီးကြီးကျယ်ကျယ် ပြောတတ် ''
စာကြည့်နေတဲ့ အစ်ကိုကြီးကိုစပျစ်သီးတွေအခွံခွာနေပေးတုန်းအနားရောက်လာတဲ့ ဟိုတစ်ခါက သူ့စပျစ်သီးတွေစားသွားတဲ့လူတွေ
ကြောင့်အမြန်ဘူးအဖူံးပိတ်ပြီးမသိချင်ယောင်ဆောင်နေလိုက်သည် ။'' ထယ်ယောင်းရေ မင်းကလေးကို မင်းကလည်းပြောထားဦးဟ ငါစပျစ်သီးလုမစားဘူးလို့ ''
ဟာဂျွန်းပြောတော့ မျက်မှောင်ပိုကြုတ်ကာ သူ့အားလာထိသည့်အဲ့ကလေးကအတည်ကြီးစိတ်ဆိုးနေတဲ့ပုံ
မို့ အကျိုးအကြောင်းပြောပြမှသာ စိတ်ဆိုးပြေပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့ အဲ့ကလေးမျက်နှာ အမျိုးမျိုး ပြောင်းနိုင်တဲ့
မျက်နှာ ဒါပေမယ့် စိတ်ကတော့လက်တစ်ဆစ်ရယ်
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''