Part { 13 }

621 46 5
                                    

အချစ်ကိုအဘယ်သို့ဖွဲ့ဆိုရမယ်သူမသိသော်လည်း
လူတစ်ယောက် ကိုငေးကြည့်နေရခြင်းတွေကတောင်
ပြည့်စုံ ခဲ့ဖူးရင်ထိုလူ့ရဲ့စိတ်နှလုံးအဖုံဖုံကိုသာ သူပိုင်ဆိုင်ရရင်
ကောင်းခြင်းအဖုံဖုံကို သူခံစားရလိမ့်မည်ထင်ပါ ရဲ့ ဖြည်းဖြည်းချင်းဆန်းစစ်ကြည့်တဲ့အခါ သူဟာမြတ်နို
းရခြင်းဘောင်အတွင်းခပ်ဖြည်းဖြည်းလေးဝင်လာခဲ့လေပြီ

အခုလည်း ဆေးပေးခန်းရှေ့သို့သူရောက်နေသော်လည်း
အစ်ကို ကြီးကတော့မသိသေး ဆေးစာရင်းတွေမှတ်နေပုံရ
သည် မျက်မှန်လေးကိုအသာပင့်ကာ 30 ကျော်လူကြီး
တစ်ယောက်က သူ့မျက်လုံးထဲတော့မွေးကာစကလေးလေး
သဖွယ်ကြင်နာဖို့ကောင်းပြန်သည် ။

ဒီနေ့မှ သူ့ရဲ့စိတ်တွေ
ထိန်းဖို့ခက်ခဲနေသလို စာရင်းမှတ်နေတဲ့ အစ်ကိုကြီးရဲ့ခါးကို
အနောက်မှသူဖက်ကာ ပုခုံးပေါ်ခေါင်းတင်လိုက်တော့ လန့်သွားသည့်သူက သူ့ကိုတံတောင်နှင့်ဗိုက်ကို ထုချသည်
လူကောင်သေးသလောက် အားမသေးသည်မို့ အလန့်တကြား
အော်မိတော့ လန့်သွားသည့်သူက သူ့ကိုပြန်ဖက်ကာ အထိတ်တလန့်ဆိုပြန်သည် ။

'' မင်းကွာ အသံမပေးဘာမပေးနဲ့ ''

'' လွမ်းလို့ လေဗျာ ''

'' အေးပါ အခုဖက်ထားတာလွတ်အုံး ငါစာရင်းတွေမပြီးသေးဘူး ''

'' ခဏလေးဗျာ ဘယ်လို ဖြစ်နေတာလဲ ''

သူပြောကာမှတင်းနေအောင်ဖက်လာသည့်ထိုကလေးကြောင့်
နောက်ဆုံးအလျော့ပေးရသည်ကသူသာအသာပြန်ဖက်ပေးလိုက်ရင်းသူ့ရင်ခွင်ထဲမြုပ်နေသည့်ကိုယ်ကအရပ်ရှည်လွန်းတဲ့ကောင်လေးကိုမနာလိုရပြန်သည်အရင်ကသူ့ကိုမော့ကြည့်နေကျ ကောင်လေးကအခုတော့ဖြင့် သူ့ကိုရင်ခွင်ထဲ ထည့်ထားပြန်သည် ဒီအမျိုးသားရဲ့အထိအတွေ့ကို သူဟာ
မငြင်းဆန်နိုင်ခဲ့သလို သူဟာလည်း မောင့်ကို တွယ်ငြိနေခဲ့ပါသည် ။

'' အစ်ကိုကြီး ဟိုနေ့ညကလို ခေါ်ပါဦး ''

'' ဘာကိုလဲ ငါဘာမှ မခေါ်မိပါဘူး ''

'' မှတ်မိ သွားအောင် နမ်းပေးရမှာဘဲ ''

သူ့ပါးကိုအတင်းနမ်းနေတဲ့ကောင်လေးကကျောင်းမှာဆိုတာ
မေ့နေသလားမသိ လွတ်လည်းမလွတ်ဘဲ အတင်းနမ်းချင်လို့
အကြောင်း ရှာနေတာမသိရင်ခက်ဦးမယ် ဒီကလေးလူလည်လေး သူမှမခေါ်ရင် တကယ်မလွတ်မယ့်ပုံမို့
အသံတိုးတိုးလေးနဲ့ခပ်ဖျော့ဖျော့ခေါ်တော့မှ လွတ်ကာ ကျေနပ်သွားပုံရတဲ့သူကအတန်းချိန်တက်ဖို့ပြန်သွားပြီဖြစ်သည် ။

Stranger but Warmth { ongoing. }Where stories live. Discover now