မောင့်အနားမှာနေပါ မောင့်ကိုချစ်ကြောင်းတွေးရင်း
မောင်မင်းကိုဘယ်လောက်ချစ်ကြောင်းပြန်တွေးပေးပါ
ဒီသံသရာဟာရှည်လျားလာတဲ့အခါ ဒုက္ခရောသုခရော
စုံလင်လာနိုင်တာမို့ မောင်နဲ့အတူအခက်အခဲအားလုံးကို
ရင်ဆိုင်ပေးနိုင်မလား ။မိုးတွေနှင်းတွေရောယှက်နေတဲ့ အဲ့ဒီနေ့က ကွာရှင်းပြတ်ဆဲတဲ့စကားကို ဆယ်နှစ်အရွယ် ကလေးကနားလည်နိုင်ဖို့ကြိုးစားခဲ့ရတယ်
ပျော်ရွင်စွာ အတူနေထိုင်နိုင်ကြတယ်လို့ ထင်ခဲ့တဲ့
အဖေနဲ့အမေက ခွဲနေမယ်လို့ စကားစလာတဲ့အခါ ဆယ်နှစ်အရွယ်သူက ဘာကြောင့်လဲဆိုတဲ့ အမေးစကားကို မမေးတတ်ခဲ့သလို အဖေနဲ့အမေကို
ရွေးရပါမယ်လို့ လည်းသူမထင်ခဲ့ဘူးပါ ။အဲ့ဒီနေ့ကဘဲ ခွဲခွာခြင်းအဓိပ္ပါယ်ကို သူသိခဲ့တယ်
သူကြောက်ခဲ့တယ် မောင့်ကိုစတင်ရင်ခုန်ခဲ့တဲ့ အချိန် အချစ်ကိုစတင်ထိတွေ့လာတဲ့သူက အဝေးကိုပြေးရှောင်ခဲ့တာမောင်မရွေးချယ်ခြင်းခံရမှာစိုးခဲ့လို့ထင်တယ် ချစ်ခြင်းမေတ္တာ ကို
အဆိပ်အတောက်ကင်းစွာ ခံယူတတ်ခဲ့ဖို့ အလွမ်းတွေအစားထိုးခဲ့တာ တန်ပြန်သက်ရောက်မှု
ရရှိခဲ့လို့ တော်ပါသေးသည် ။'' မောင့်အစ်ကိုကြီး ''
'' ဗျာ ''
'' ဘယ်လိုလေးထူးနေတာတုန်း
အူယားလိုက်တာ ဗျာ သြော်ဒါနဲ့အစ်ကိုကြီး
မောင်ဟိုနေ့ကအခန်းရှင်းရင်း
ဟားဗတ်စ်ရောက်တုန်းကမောင့်ကိုပို့ပေးလိုက်တဲ့ စာတွေတောင်မောင်သိမ်းထားပေမယ့် မဖတ်ရသေးဘူး''' ဟင် ကိုယ့်ကိုပြကြည့်ပါလား ''
သာမန်အပြာရောင်စာတိုစာစတွေကို သူမပို့ခဲ့ဘူးပေမယ့်
ဘာကြောင့်ရောက်နေသလဲသူမသိခဲ့ပါ ရင်တုန်စွာနဲ့
စာကိုဖတ်ကြည့်မိတော့ ဟာဂျွန်းလက်ရေးဖြစ်နေခဲ့သည်
ပထမစာကိုဖတ်ရင်း စိတ်တွေမွန်းကြပ်နေခဲ့သလို ဟာဂျွန်းရဲ့စိတ်ကိုနားလည်လာခဲ့ပါသည် ။'' ဟိုင်း ငါကဟာဂျွန်းပါ မင်းသိလား ထယ်ယောင်း
အရက်တွေသောက်နေရင်း မင်းအကြောင်းတဖွဖွပြောနေပြန်ပြီ ငါလည်းဒီစာကိုမူးနေတုန်း အရဲစွန့်ရေးလိုက်တာ ရင်နာနာနဲ့ရေးလိုက်တာဆိုပိုမှန်မယ်ထင်တယ် ''
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''