မြို့ရဲ့လေအေးက ခပ်စိမ်းစိမ်းတိုက်ခတ်နေသလို ခြံထဲ၌
စာထိုင်ဖတ်နေသော သူဋ္ဌေးလေး ဂျွန်
ပတ်ဝန်းကျင်ကိုမေ့လျော့နေတတ်ပေမယ့် စာအုပ်ဖတ်ခြင်း၌
အတွေးကမ္ဘာထဲ ခေတ္တခဏ သွားနေခြင်းဖြစ်သည် ။သူ၏ဘဝဟာသာမန်ပါပင် သူ့မှာ သံယောဇဉ်တွယ်စရာ ဒီခြံကြီးနဲ့ သူ့ရဲ့သား ဂျောင်ကု
သူငယ်စဉ်က အတူနေခဲ့သည့်သူများသာ ရှိသည်
အိမ်ထောင်ဖက်ကိုထပ် ရွေးချယ်ရမည်ဆိုရင်တော့
ထပ်ရွေးချယ်ရဖို့သိပ်ကြောက်ပါသည် လူတွေက သစ္စာရှိဖို့ကျ
သိပ်ခက်ပါရောမဟုတ်ပါလားပြီးတော့သူ၏သားအတွက်
စိုးရိမ်စရာတွေရောများလှသည် ။အချစ်တဲ့ ရက်စက်တဲ့ စိတ္တဇနာမ်လေးမို့ခံစားချက်က
သေလောက်အောင်နာကျင်ရသလို စိတ်ချမ်းမြေ့စရာလည်း
ကပ်ပါနေတတ်သလို လူကိုလည်းရူးသွားစေနိုင်သည်
မဟုတ်ပါလား ။စာဖတ်၍လည်းအာရုံမရတော့ ခြံပတ်လည်ကို ကြည့်နေရင်း
ဟိုဘက်အိမ်ကို ခေတ္တခဏ သူ့အာရုံလွင့်သွားပါသည် ။
ဒါထပ်ခြံစည်းရိုးနားလှုပ်စိလှုပ်စိသွားနေတဲ့သူ့သားကြောင့်
ကြည့်လိုက်တော့ ခြံစည်ရိုးနားကပ်ကာ ပြတင်းပေါက်ပေါ်ကကလေးကို မော့ငေးနေသည်မို့ သူရယ်လိုက်မိသည် သားကသူနှင့်တူသည်ထင်ပါ့
စိတ်ဝင်စားတဲ့အရာတွေဆိုအချိန်ကြာကြာထိုင်ငေးနေတတ်တဲ့
အကျင့်လေး ရှိသည် ။ထယ်ယောင်းလေးပျင်းသည်မို့ အိမ်ခြံနားက အုတ်ခုံပေါ်တက်ထိုင်ကာကောင်းကင်ကြီးကိုငေးကြည့်နေမိသည် ။ ရုတ်တရက်အသံပြုလာတဲ့ကလေးသံကြောင့်
လန့်သွားကာ ပြုတ်ကျမလိုဖြစ်သွားမှ အောက်ဘက်က
ကလေးသေးသေးလေးကပါ မော့ငေးနေသည်မို့ တရားခံကဒင်းလေးသူ.့ကြောင့်လန့်သွားပြီးကားယားလေး
ကျတော့မလို့ ထိုကလေးအား ထားခဲ့ကာအမြန်ပြန်ဆင်းရန်ပြင်လိုက်သည် ။'' အယ်.ကိုကြီး ( အစ်ကိုကြီး) ''
အနောက်နားကမပီမသထွက်လာသည့်ခေါ်သံကြောင့် သူကြည့်တော့ ရယ်ပြနေသည့် ဟိုကလေး မျက်လုံး တောက်တောက်လေးတွေကကြယ်လေးတွေလို တောက်ပနေပြီးမျက်နှာဝိုင်းဝိုင်းနဲ့ချစ်စရာတော့ကောင်းပေမယ့်
အကောင်းမြင်စိတ်မရှိသည်ဘဲထင်ထင် သူတော့ကလေးမချစ်တတ် ။
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''