မနက်ခင်းနေရောင်ခြည်နဲ့အတူ
တီရှပ်အပြာရောင်နဲ့အတူဂျူတီကုတ်မဝတ်ရသေးတဲ့ဆရာက ကော်ရစ်တာလမ်းတစ်လျောက်လူအများရဲ့
ငေးကြည့်ခြင်းကို ဒီနေ့မှ ပိုမိုစွာခံနေရပါသည်Kim Taehyung ဆိုတဲ့
Ig account လေးမှာပထမဆုံး တင်လာသည့်ပို့စ်က အရင်ကလို ဆေးစာရွက်အကြောင်းများမဟုတ်ဘဲ
ပထမဆုံး သက်ဆိုင်သူအားဖော်ပြလိုက်တာကြောင့်
ကျောင်းသားအများစုရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရသည့်
အပြင် Harvard မှာကျောင်းတက်တုန်းက
သူငယ်ချင်း များကပါ စနောက်သည့် ကောမန့်များ
ဝင်လာသည် ။နိုတီဘားတွင် တက်လာသည့် နောက်ထပ်ကောမန့်လေးက
သူ့ရဲ့ဒေါသကြီးသည့် ကလေးရဲ့
ဘယ်သူ့အတွက်လဲဘယ်ကလဲဆိုတဲ့ မန့်ကြောင့် ရုံးခန်းထဲ အသာဝင်ကာ နံပါတ်စဉ်ရေလိုက်ရင်း ဝုန်းကနဲ တံခါး
ပွင့်လာသည့်အပြင် ဂျောင်ကုရောက်လာပါသည်
ခပ်ဖွဖွပြုံးလိုက်ရင်း ထိုကလေးကို တည်ငြိမ်စွာ
ငေးကြည့်တော့ သူ့ပါးကို လာနမ်းပြန်သည် ။'' ဘာကြီးလဲ အစ်ကိုကြီး Ig က ဘာလဲ လို့ ''
'' မင်းမြင်တဲ့ အတိုင်းဘဲလေကွာ ''
'' ပြောပြလို့မရဘူးလား အစ်ကိုကြီးသဘောကျတဲ့သူက
ဘယ်သူလဲ လို့ '''' နောက် တော့ မင်းကိုယ်တိုင်သိလာမှာပါ မလောပါနဲ့ ''
စိတ်ဆိုးမာန်ဆိုးထွက်သွားတဲ့ ကလေးက သူ့မျက်လုံးထဲ
ဂျစ်တိုက်နေသည့်ပုံမို့ ထပ်ပြုံးလိုက်ပါသေးသည်
အတန်းထဲခဏသွားတော့လူဆိုးလေးကကျောင်းမတက်ဘဲ
သူ့အားဆန္ဒပြပါတော့သည် လည်မလိုနဲ့မင်းဟာလည်း
သိပ်တုံးတယ် မောင်ရယ် ။ဂျောင်ကုမြို့အနှံ့ဆိုင်ကယ်ပတ်စီးပြီး
ခြံထဲဝင်ထိုင်နေရင်း အစ်ကိုကြီးရဲ့ Ig post အား
ထပ်ကြည့်လိုက်သည် ။ ဘူးလေးတစ်ဘူးအား
အမြင်ကပ်စရာ Caption နဲ့
သက်ဆိုင်သူအတွက် ပထမဆုံး ရွေးပေးဖူးသည့် အရာလေး
တစ်ခု ဆိုပြီးသာတင်ထားသည်မို့ ထိုတံဆိပ်ကို သေချာ
မြင်ဖူးသော်လည်းဘယ်မှာလည်း စဉ်းစားမရ၍ ဒေစီ
ခင်းထဲကျောခင်းအိပ်ပစ်လိုက်သည် ။တောင်းပန်ပါတယ် ပန်းလေးတွေရေ မင်းတို့ပိုင်ရှင်က
ငါ့ကိုစိတ်ဆိုးအောင်လုပ်ထားလို့ နောက်တော့
သေချာပြန်ပျိုးပေးပါ့မယ် ။
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''