ပြီးပြည့်စုံတဲ့ မနက်ခင်းရဲ့ပြယုဂ်က ဆရာထယ်နှင့်
ကျောင်းရဲ့ King ဂျောင်ကုတို့အတူလာသည့်မြင်ကွင်းလို့
တစ်ချို့သောကောင်မလေးများကတွေးထင်ကြသော်လည်း
ဒီနေ့တော့ကျောင်းအတွင်း မုန်တိုင်းပမာပျံ့နေသောသတင်းက
ဆရာကင်နဲ့တခြားကောင်လေးတစ်ယောက် အတူပြုံးရွှင်စွာ
ကျောင်းလာသည်ဆိုတဲ့ အကြောင်းအပြင် သူတို့ King
လှည့်စားခံလိုက်ရပြီဆိုတဲ့ ပေါက်ကရသတင်းတွေဆက်တိုက်
လူပြောများနေခဲ့သည် ။စာသင်ချိန်၌လည်း ပုံမှန်အတိုင်းသာရှိနေသော ဂျောင်ကုကြောင့် အကုန်လုံးရဲ့အာရုံက ဆရာထယ်ဆီ
စုပြုံသွားကြသည်မို့ စိတ်ပျက်လက်ပျက်ထိုင်တွေးနေသည်က
ဂျောင်ကုပင် မနက်ကအစောကြီး ဟာဂျွန်းဆိုသည့်လူနှင့်
အတူကျောင်းသွားတဲ့အစ်ကိုကြီးက သူ့ကိုမစောင့်ဘဲ
သွားသည်ကို စိတ်ဆိုးမိပေမယ့် တခြားသူတွေ အစ်ကိုကြီးကိုပြောချင်တိုင်း
ပြောနေတာကိုတော့သူသဘောမကျပေ ။'' ဟာဂျွန်း မင်းဘာဖြစ်နေတာလဲ ''
'' သြော်မင်းကိုတွေ့ချင်လို့လာတာဘာဖြစ်ရမှာလဲ ''
'' ငါ့ကို လက်ကိုင်တာတို့ ဖက်တာတို့နည်းနည်းရှောင်ပေး
ငါအနေရခက်လို့ '''' အေးပါကွာ မင်းကလည်း ''
စကားခဏပြောပြီး ပြန်သွားတဲ့ဟာဂျွန်းကြောင့် အသက်ရူချောင်သွားရသည် တစ်ချို့လူတွေရဲ့ အမြင်မကြည်သလိုကြည့်နေကြတဲ့အကြည့်တွေကိုသူသိပေမယ့် အကုန်လုံး မသိချင်ယောင်ဆောင်ထားလိုက်သည်
စိတ်မွန်းကြပ်စေတဲ့ ရပ်ဝန်းတွေကိုသူမနှစ်မြို့တာကြောင့်
သိပ်တော့ အရေးမလုပ်တတ် ။ထယ်ယောင်း စိတ်ဆိုးနေတဲ့ကလေးဆီ ခဏသွားရန်ပြင်လိုက်ပေမယ့် လမ်းမှာ ပြောနေကြတဲ့
ဂျောင်ကုရန်ဖြစ်ပြီးရုံးခန်းရောက်သွားတဲ့သတင်းကြောင့်
ရုံးခန်းသို့ခြေဦးအမြန်လှည့်ကာ ပြေးလာရသည် မျက်နှာမှာ
အနည်းငယ်ယောင်နေဒဏ်ရာနဲ့ဂျောင်ကုကသူ့ကိုမြင်တော့
မကြည်ကြည့်နေသည်မို့ ကိုယ်ရှိန်သပ်လိုက်ရသည် ။'' ဂျောင်ကု ဘာလို့ သူ့ကိုထိုးရတာလဲ ''
'' ထိုးချင်လွန်းလို့ ထိုးတာ ''
YOU ARE READING
Stranger but Warmth { ongoing. }
Romance'' ဘယ်သူနဲ့ဆိုင်ဆိုင်ကိုယ်သာပိုင်ရရင်အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် '' '' ဘယ်သူနဲ့ဆိုင်ဆိုင် ကိုယ်သာပိုင်ရရင် အသက်အရွယ်ဆိုတာအချစ်မှာကန့်သတ်ထားတဲ့ဥပဒေတစ်ရပ်တော့မဟုတ် ။ ''